စုပေါင်းရုံးထဲမှာ အနားယူနေတဲ့ စစ်ကောင်စီတပ်သားတွေ လောင်ချာနဲ့ ပစ်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် ၂ စည်ပင်သာယာရပ်ကွက်က စုပေါင်းရုံးထဲမှာ အနားယူနေတဲ့ စစ်အုပ်စုကို ဖေဖော်ဝါရီလ ၂၁ ရက် ည ၁၀ နာရီဝန်းကျင်မှာ ကာကွယ်ရေးအဖွဲ့တွေက အဝေးပစ် ပုခုံးထမ်းလောင်ချာနဲ့ ပစ်ခတ်ခဲ့လို့ စစ်သား ၃ ဦး ဒဏ်ရာပြင်းထန် ရရှိသွားတယ်လို့ Myingyan Black Tiger − MBT ဆီက သိရပါတယ်။

" ရဲစခန်းတောင်မှ သူလောက်အင်အားမများဘူး၊ စစ်ကြောင်းတွေထိုးနေတဲ့ အကုန်လုံးက ဒီရုံးမှာပဲစုတာ၊ အင်အားက အယောက် ၂၀၀ ကျော်ရှိတာ၊ ကျနော်တို့ ၂ ချက်ပစ်ခတ်နိုင်ခဲ့တယ်၊ သူတို့ဘက်က ၃ ယောက်လဲကျပြီး ကျနော်တို့ပြန်ဆုတ်တဲ့အချိန်မှာ ရပ်ကွက်အထိလိုက်ပြီးပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုအနည်းငယ်ဖြစ်ခဲ့တယ်" လို့ Myingyan Black Tiger − MBT ဗိုလ်မိုက်ခဲက ပြောပါတယ်။

စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို သေဆုံးမှုတွေရှိနိုင်တယ်လို့ သိရပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နှင့် ခွပ်ဒေါင်းနီ ပြောက်ကြားတပ်(YSO)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အခုနှစ်ဇန်နဝါရီလ ၁၃ ရက် ညနေကလည်း Myingyan Black Tiger (MBT) က ရေစကြိုမြို့ အမှတ် ၄ ဖောင်းတော်ဦးရပ်ကွက်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းကို သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၁၀ ဦးအထက် သေဆုံးတယ်လို့ သိရပါတယ်။

 တည်းဖြတ် - CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10