စုပေါင်းရုံးမှာတပ်စွဲထားတဲ့ စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရလို့ ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့လယ် စုပေါင်းရုံးထဲ တပ်စွဲထားတဲ့ စစ်အုပ်စုကို စက်တင်ဘာလ ၉ ရက် ည ၇ နာရီကျော်မှာ ပြောက်ကျားစနစ်နဲ့ အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ဆီက သိရပါတယ်။

ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်တပ်စွဲထားတဲ့ စည်ပင်သာယာရပ်ကွက်က စုပေါင်းရုံးအရှေ့ကို ကာကွယ်ရေးတပ်ဖွဲ့  ၂ ဖွဲ့ က သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ကြာ ဖြစ်ပွားခဲ့တယ်လို့ MBT အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

"သေဆုံး ဒဏ်ရာရတာကိုတော့ ခိုင်မာတဲ့ ဖရဲသီးပြောလို့ အတည်ပြုနိုင်ခဲ့တာ။ ဒဏ်ရာရတဲ့ ၃ ကောင်ကတော့ ရေစကြိုဆေးရုံကြီးမှာ ဆေးကုသနေရတယ်" လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက ကား၂ စီးနဲ့ မြိုကိုလှည့်ပတ်ပြီး လိုက်လံပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၀ ရက် ဒီကနေ့မှာတော့ စစ်ကောင်စီတပ်သားတွေက ထင်းတန်းရပ်ကွက်ကို စစ်ကြောင်းထိုးမယ်ဆိုပြီး သတင်းသိရှိထားတယ်လို့ ဗိုလ်မိုက်ခဲကပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့  Myingyan Black Tiger (MBT)နဲ့အတူ ညီနောင်မဟာမိတ်ဖြစ်တဲ့ N-YSOတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်၂၁ ရက်မှာလည်း အဆိုပါစုပေါင်းရုံးထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အစည်းအဝေးပြုလုပ်နေချိန် Myingy an Black Tiger (MBT)က ၄၀ မမ ၂ လုံးနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #စုပေါင်းရုံး #စစ်အုပ်စု #တိုက်ခိုက်ခံရ #ထိခိုက် #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10