စျေးတက်ဝယ်ချိန် ဖမ်းခံထားရတဲ့ပြည်သူ ၂၀ နီးပါးကို ထောင်ချမယ်လို့ စစ်ကောင်စီပြော

စျေးတက်ဝယ်ချိန် ဖမ်းခံထားရတဲ့ပြည်သူ ၂၀ နီးပါးကို ထောင်ချမယ်လို့ စစ်ကောင်စီပြော

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့ပေါ်ကို စျေးဝယ်ဖို့လာရင်း ဖမ်းဆီးထားခံထားရသူ၂၀ နီးပါးကို စစ်ကောင်စီဘက်က ထောင်ချမယ်လို့ ပြောဆိုနေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၆ ရက်ကနေ ၉ ရက်အတွင်း ကျောက်တံခါးမြို့ပေါ်ကို ရွာတွေကနေ စျေးဝယ်ဖို့ တက်လာသူတွေကို စစ်ကောင်စီတပ်သားတွေက စျေးအနီးနဲ့ မြို့တွင်းလမ်းတွေမှာ ဖမ်းဆီးပြီး ကျောက်တံခါးရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

"ဖမ်းဆီးခံရသူတွေက ဆိုင်ကယ်လိုင်စင်မပါလို့ အဲ့ဒါနဲ့ဆိုင်တဲ့ အမှုတွေနဲ့ ဖမ်းဆီးခံထားရတယ်လို့တော့ သိရတယ်။ သူတို့တွေက ကျောက်ကြီးနဲ့ ရွှေကျင်မြို​ပေါ်တွေတက်ပြီး စျေးမဝယ်ရဲလို့ ကျောက်တံခါးလာဝယ်ရင်းကနေ ဖမ်းဆီးခံရတာ။ ခုတော့ ကျောက်တံခါးရဲစခန်းမှာ ဖမ်းခံထားရတယ်။ ကျန်တဲ့ အသေးစိတ်အခြေနေတော့ မသိရဘူး"လို့ ကျောက်တံခါးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ကျောက်မှော်ဘုရားကြီးကျေးရွာက ကိုကျော်ထွေး(၂၁)နှစ်၊ ဦးဇော်ဌေး (၄၃)နှစ်၊ မောင်စိုးလင်းဦး (၂၆)နှစ်၊ မောင်ဇော်ခိုင်(၃၀)နှစ်၊ မောင်ကျော်စွာဝင်း(၂၅)နှစ်၊ မောင်အေးမင်းစိုး(၂၂)နှစ်၊ မောင်ဇော်နိုင်ထွေး(၂၁)နှစ်၊ မောင်ရဲထွေး(၂၅)နှစ်၊ စောဘီထွေး(၄၄)နှစ်၊ စောကပေါ်ထူး (၂၃)နှစ်၊ စောရဲမြင်း(၂၅)နှစ်၊ မောင်အောင်ကိုမင်း(၂၃)နှစ်နှင့် စောဘဲနေထူးတို့ဖြစ်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပဒဲကောကျေးရွာက မောင်ထက်ထက်(၂၂)နှစ်၊ မောင်စိုးသူဝင်း(၃၆)နှစ်၊ ဗမာဝက်လာတောကျေးရွာက ကိုသန်းထွန်း(၅၃)နှစ်၊ ဒါးကုလားကျေးရွာက မောင်စိုင်းကို (၂၅)နှစ်၊ မောင်သန်းစိုးဦး(၂၈)နှစ်နဲ့ မောင်ကျော်ထက်လင်း(၂၉)နှစ်တို့ကို ဖမ်းထားပြီး အဲ့ဒီထဲကမှ မောင်ထက်ထက်ကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အဲ့ဒီပြည်သူတွေကို ထောင်ချမယ်လို့ ပြောဆိုတာကို ဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေကတဆင့် သိရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်တောင်းမြစ်ကပ်လျက် ကျေးရွာတွေကနေ ကျောက်တံခါးမြို့ပေါ်တက် ဈေးဝယ်တွေကို နေရပ်မေးမြန်းကာ စစ်တောင်းမြစ်ဝှမ်းရွာတွေကနေ လာတဲ့သူဆိုရင် ကုန်ပစ္စည်းနဲ့ လူကို ဖမ်းဆီးရုံသာမက ဆိုင်ကယ်ကောင်းတာတွေကိုလည်း အတင်းအဓ မ္မ ယူတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁ရက်က ပဲခူးတိုင်းကို စစ်ရေးမြှင့်တင်သွားမယ်လို့ ထုတ်ပြန်ချက်တွေ ထွက်ပေါ်ပြီးနောက်  ပဲခူးတိုင်းအရှေ့ခြမ်းဖြစ်တဲ့ ကျောက်ကြီး၊ နတ်သံကွင်း၊ ညောင်လေးပင်၊ ကညွတ်ကွင်း၊ မုန်းနဲ့ ဖြူးမြို့နယ်တွေမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး ၂ဖက် စစ်ရေးပြင်ဆင်မှုတွေ လုပ်နေကြတာလည်း ဖြစ်ပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #ဖမ်းဆီးခံ #ပြည်သူ #ထောင်ချ #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10