ဆက်ကြေးကောက်နေတဲ့ စစ်သားတွေ စနိုက်ပါနဲ့ ပစ်ခံရလို့ ၁ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့မြို့နယ်နဲ့ မြိုင်မြို့အစပ် ကန်တော်ရွာမှာ ဆက်ကြေးကောက်နေတဲ့ စစ်သားတွေ စနိုက်ပါနဲ့ ပစ်ခတ်ခံရလို့ စစ်ကောင်စီစစ်သား ၁ ဦး သေဆုံးပြီးနောက် စစ်တပ်က ကန်တော်ရွာက နေအိမ်တွေကို မီးရှို့နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။

စစ်အုပ်စုက ကန်တော်ရွာမှာ ကား၊ သုံးဘီးတွေကို တစီး ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်နှုန်းနဲ့ ဆက်ကြေးကောက်နေတဲ့အချိန် သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

"ဆက်ကြေးကောက်နေတဲ့ **တွေကို နေ့လယ် ၁ နာရီမှာသွားပစ်ခဲ့တာ၊ ၁ ယောက်ကတော့ ဗိုလ်ဖြစ်မယ်ထင်တယ်၊ လဲကျသွားပြီး သေတယ်"လို့  ဗိုလ်လက်ယာက ပြောပါတယ်။

စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ စစ်သားတွေဟာ ကန်တော်ရွာက နေအိမ်တွေကို ဒီနေ့မှာ မနက်ပိုင်းကော နေလယ်ပိုင်းမှာပါ မီးရှို့နေတယ်လို့ ဆိုပါတယ်။ 

ကန်တော်ရွာမှာ အိမ်ခြေ ၁၂၀ ဝန်းကျင်အိမ် လူဦးရေ ၃၀၀ ကျော်နေထိုင်ကာ သူတို့ဟာ၂၀၂၂ ခုနှစ် ၄ လပိုင်းကတည်းက ရွာမှာ မနေကြတော့ဘဲ စစ်ဘေးရှောင်နေကြတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မြိုင်မြို့ကထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ် ပကဖအဖွဲ့က မြိုင်မြို့နဲ့ စက်မှု ၂ အကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီး ပျက်စီးသွားပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ #ကန်တော်ရွာ #ဆက်ကြေးကောက် #စစ်အုပ်စု #စနိုက်ပါ #ပစ်ခတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10