ဆက်ကြေးကောက်နေတဲ့ ရဲ ၈ ဦး ပစ်ခတ်ခံရပြီး ၇ ဦးသေဆုံးဟုဆို (ရုပ်/သံ)

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းတံတား အနောက်ဘက် ရွှေတောင်ဦးကုန်းနားမှာ ဆက်ကြေးတောင်းနေတဲ့ ရဲတပ်သား ၈ ဦးခန့်ကို သွားရောက်တိုက်ခိုက်ခဲ့လို့  ၇ ဦးသေဆုံးတယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA-Monywa တပ်ရင်း ၆၊ တပ်ခွဲ ၁ ဆီက သိရပါတယ်။

ဩဂုတ် ၄ ရက် ဒီနေ့ မနက်၈ နာရီခွဲအချိန်မှာ ရွှေတောင်ဦးကုန်းအနီး ဆက်ကြေးတောင်းနေတဲ့ ရဲတပ်သား ၈ ဦးကို ကားနဲ့ အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မနက် ၆ နာရီကတည်းက အဲ့ဒီနေရာကိုကပ်ထားရတာ။ သူတို့နားနေတဲ့အချိန် ကားပေါ်မှာ ပြုံရပ်နေတဲ့ ၈ ဦးကို ဝင်ပစ်တာ။ ကျနော်တို့ကားနဲ့ ကျနော်ကိုယ်တိုင်ဦးဆောင်ပြီး သွားရောက်ပစ်ခတ်ခဲ့တာ။ ကျနော်တို့ပစ်လို့ ၇ ဦး သေဆုံးခဲ့တယ်။ ကျနော်မျက်စိရှေ့မှာတင် သေတာ။" လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA-Monywa တပ်ရင်း ၆၊ တပ်ခွဲ ၁၊ တပ်ခွဲမှူးဗိုလ် Blackက ပြောပါတယ်။

ထိုတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA-Monywa တပ်ရင်း ၆၊ တပ်ခွဲ ၁၊ ယက္ခညီနောင် ပြောက်ကျားတပ်ဖွဲ့၊ Black Lion Force (Monywa)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ်- ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မုံရွာ #ဆက်ကြေးကောက် #ရဲ #ပစ်ခတ် #သေဆုံး #MRDA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10