ဆက်ကြေးကောက်ဖို့လာတဲ့ စစ်သားနဲ့ပျူစောထီးတွေ မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေရှိခဲ့တယ်လို့ မြောင်မြို့နယ်တော်လှန်ရေးတပ် - Myaung Revolution Army အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက် မနက် ၁၀ နာရီ ခွဲက မုံရွာ-မန္တလေးလမ်းပိုင်း တောပုကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ၂ ဦးသေပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီ စစ်သားနဲ့ ပျူစောထီး‌တွေက မုံရွာမြို့ပေါ်တက်ပြီး ခရီးသွားပြည်သူကားတွေကို အတင်းအဓမ္မ ဆက်ကြေးကောက်တာတွေရှိတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြောင်မြို့နယ်တော်လှန်ရေးတပ် - Myaung Revolution Army နှင့် Special Force-11 တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကလည်း မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ပါ စစ်ကြောင်းကို မြောင်မြို့နယ်တော်လှန်ရေးတပ် - Myaung Revolution Army အဖွဲ့က မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ‌ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#မြေလတ်သတင်း #သတင်း #မိုင်းဆွဲတိုက်ခိုက်မှု #စစ်ကောင်စီ #ပျူစောထီး #စစ်ကိုင်းတိုင်း #မုံရွာ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10