ဆက်ကြေးတောင်းနေတဲ့ ကမ္မရဲစခန်းက စစ်သားနဲ့ရဲတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းက စစ်သားနဲ့ ရဲတွေကို ဩဂုတ် ၉ ရက် မနေ့ ညနေ ၄ နာရီ ၁၈ မိနစ်မှာ ကာကွယ်ရေးအဖွဲ့ ၁၀ ဖွဲ့ပူးပေါင်းပြီး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်လွင်ပြင် LDF အဖွဲ့ဆီက သိရပါတယ်။

ကမ္မ ရဲစခန်းမှာတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိ စစ်သားနဲ့ ရဲတွေဟာ ဘန်ကာတွေလုပ်ထားပြီး လမ်းသွားလမ်းလာ ပြည်သူကားတွေကို ဆက်ကြေးတောင်းနေတာကြောင့် သွားရောက်ပစ်ခတ်ခဲ့တာလို့ အနောက်လွင်ပြင် LDF တာဝန်ခံ ကိုတေဇက ပြောပါတယ်။

"ရဲစခန်းရှေ့က ဘန်ကာ သုံးလေးလုံးနဲ့ လမ်းသွားလမ်းလာ ပြည်သူကားတွေကို ဆက်ကြေးတောင်းပြီး ဒုက္ခပေးနေလို့ ကျနော်တို့က သွားရောက်တိုက်ခိုက်ခဲ့တာ။ အဲ့ဒီဘန်ကာထဲမှာက ရဲနဲ့စစ်သားတွေနေတာပါ။ အဖွဲ့ ၁၀ ပေါင်းပြီးသွားပစ်တာ။ ကျနော်တို့က ရိုင်ဖယ်နဲ့ ပထမဆုံးပစ်ပြီး ပြီးမှလက်နက်ငယ်တွေနဲ့ပစ်ခဲ့တာ။ ရိုင်ဖယ်နဲ့ပစ်ခတ်ခဲ့တာ ၂ ယောက်လဲကျသွားတာ တွေ့ရတယ်။ သေလားရှင်လားတော့ ကျနော်တို့ စုံစမ်းနေပါတယ်။" လို့ ကိုတေဇက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ပြီးနောက်ပိုင်းမှာ ရဲစခန်းအတွင်းကနေ လက်နက်ကြီးနဲ့ ရမ်းထုတာတွေ မိုးပေါ်ထောင်ဖောက်တာတွေ ရှိတယ်လို့ ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို အနောက်လွင်ပြင် LDF၊ ပခုက္ကူခရိုင်တပ်ရင်း ၁၃၊ ပခုက္ကူ ပကဖ တပ်ရင်း ၁ တပ်ခွဲ ၁၊ Kamma Under ground PDF၊ မြိုင် ပကဖတပ်ရင်း ၁ တပ်ခွဲ ၂ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Scorpion People Defense Force - Myaing၊ Myaing Under ground PDF၊ တော်ဝင်ကျား၊ BLY ပကဖ  နှင့် ဧရာအနောက်ပြောက်ကျားတပ် တို့က ပူးပေါင်းလုပ်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ #ကမ္မမြို့ရဲစခန်း #တိုက်ခိုက်ခံရ #စစ်သား #PDF #သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10