သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်မြူးအောင်ကျေးရွာအနီး ကိုးပင်-သာဂရလမ်းဘေးမှာ ရဲတဦးရဲ့ မိခင်ဖြစ်သူ အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသတ်ခံရသူဟာ ဆင်မြူးအောင်ကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဒေါ်အုန်းမြင့်ဖြစ်ပြီး ဇွန် ၂၂ ရက်မနက် ၉ နာရီ လောက်မှာ လက်နက်ကိုင်အဖွဲ့တခုက သူ့နေအိမ်ကနေ ဖမ်းဆီးသွားခဲ့ပြီး သတ်ခဲ့ကာ ဇွန် ၂၃ ရက်မနက်ပိုင်းမှ ကျေးရွာအနီးရှိ ကိုးပင်-သာဂရလမ်းပေါ်မှာ အလောင်းကိုတွေ့ခဲ့ရတာလို့ ဆိုပါတယ်။
"သိရသလောက်က သေဆုံးသူအမျိုးသမီးမှာ ဓားခုတ်ခံထားရတဲ့ဒဏ်ရာတွေရော သေနတ်နဲ့ ပစ်ခတ်ထားတဲ့ ဒဏ်ရာတွေရောရထားလို့ ဒဏ်ရာဒဏ်ချက်ကများတော့ နေရာမှာပဲ သေသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေါ်အုန်းမြင့်ရဲ့ သားဖြစ်သူဟာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ရဲတဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။
အလောင်းကိုတွေ့ရှိချိန် ဒေါ်အုန်းမြင့်ရဲ့ ဦးခေါင်းနဲ့ရင်ဘတ်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ၊ လက်နဲ့ပခုံးတွေမှာ ဓါးခုတ်ရာတွေ တွေ့ရပြီး အလောင်းကိုတော့ ဒေသခံတွေကကောက်ယူပြီး ချောင်းကောက် တိုက်နယ်ဆေးရုံကိုပို့ထားပေးရတယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာလည်း ထုတ်ပြန်ထားတာမရှိသေးပါဘူး။
၂၀၂၃ နိုဝင်ဘာ ၂၂ ရက်ကလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ငါးရန့်ချောင်းကျေးရွာနေ အောင်လံခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး နေအိမ်မှာပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ဆင်ပေါင်ဝဲ #ဆင်မြူးအောင် #ရဲမိခင် #အသတ်ခံရ
Share Share Share