ဆင်ပေါင်ဝဲမှာ အမျိုးသား ၁ ဦး ပစ်သတ်ခံရ

ဆင်ပေါင်ဝဲမှာ အမျိုးသား ၁ ဦး ပစ်သတ်ခံရ

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဝန်ကုန်းကျေးရွာမှာ နေအိမ်စျေးဆိုင်မှာရှိနေတဲ့ အမျိုးသား ၁ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၀ ရက် မနက်ပိုင်း ၉ နာရီကျော်မှာ ဝန်ကုန်းကျေးရွာနေ အသက် ၃၂ နှစ်အရွယ် ကိုနိုင်ဝင်းဟာ နေအိမ်စျေးဆိုင်ဘေးကပ်လျက်ရှိ ဆိုင်ကယ်ထားတဲ့နေရာမှာရှိနေစဥ် သေနတ်သမားတွေက လာရောက် ပစ်ခတ်သွားတာလို့ဆိုပါတယ်။

"လာတဲ့သူက လေးငါးယောက်လောက်ရှိတယ်လို့ သိရတယ်။ သူကိုမေးပြီး ပစ်သတ်သွားတာပဲ။ သေနတ်သုံးလေးချက် ပစ်သွားတာတော့ ရှိတယ်။ သူက ခေါင်းကိုမှန်သွားတာ။"လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ကိုနိုင်ဝင်းမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ နေရာတင်သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ကိုနိုင်ဝင်းဟာ ကျေးရွာမှာနေထိုင်စဥ် ကုန်စုံဆိုင်နဲ့ စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချသူဖြစ်တယ်လို့ သိရပါတယ်။ 

ဇွန် ၂၃ ရက်ကလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်မြူးအောင်ကျေးရွာအနီး ကိုးပင်-သာဂရလမ်းဘေးမှာ ရဲအဖွဲ့ဝင် ၁ ဦးရဲ့ မိခင်ဖြစ်သူကို လက်နက်ကိုင်အဖွဲ့တခုက နေအိမ်ကနေဖမ်းဆီးသွားပြီး ပစ်သတ်ခံခဲ့ရပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဆင်ပေါင်ဝဲ #အမျိုးသား #အသတ်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10