ဆင်ဖြူကျွန်းမြို့တိုက်ပွဲအပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်နေလို့ စစ်ရှောင်လာသူတွေကို PDF စောင့်ရှောက်ထား

ဆင်ဖြူကျွန်းမြို့တိုက်ပွဲအပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်နေလို့ စစ်ရှောင်လာသူတွေကို PDF စောင့်ရှောက်ထား

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က စစ်ဘေးရှောင်ပြည်သူတွေကို စက်တင်ဘာ ၂၄ ရက်မှာ ခေါ်ယူပြီး စောင့်ရှောက်မှုပေးထားတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။

စက်တင်ဘာ ၂၄ ရက်က အမျိုးသမီး၊ ကလေး၊ လူကြီးအပါအဝင် လူဦးရေ ၆၇ ဦးကို ခေါ်ယူပြီး နေရေး စားရေး ကျန်းမာရေးကအစ စောင့်ရှောက်မှု ပေးထားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၄ ရက် မနက် ၉ နာရီလောက်မှာ မကွေးခရိုင်တပ်ရင်း ၁၊ တပ်ရင်း ၂ တို့နဲ့ ဆင်ဖြူကျွန်းမြို့ နွယ်တမံတံတားထိပ်မှာ စစ်ဆေးရေးလုပ်နေရင်း စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြတာပါ။

အဲ့ဒီနောက်မှာ စစ်ကောင်စီဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ အဝေးကလှမ်းပစ်နေတာကြောင့် ရှားတောညောင်းကုန်းရဲ့ ရွာအနီးအနားအစပ်ကိုကျခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တပ်ခွဲမှူး ဗိုထက်က ပြောပါတယ်။ 

"ကျေးရွာပြည်သူတွေက လန့်ဖြန့်ပြီးတော့ ရှောင်မယ်တိမ်းမယ် ကျနော်တို့ကြားသိတော့ ကားတွေနဲ့ စစ်ဘေးလွတ်ရာကို ခေါ်ဆောင်ခဲ့တာပါ" လို့  တပ်ခွဲမှူး ဗိုလ်ထက်က ပြောပါတယ်။

စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ ပန်းတောအုပ်စု၊ မယ်ဇလီ‌ညောင်ကုန်းကျေးရွာက စစ်ရှောင်တွေကို နေရေး စားရေး ကျန်းမာရေးကအစ ခေါ်ယူစောင့်ရှောက်ထားတာလို့ ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်လာလို့ ဘေးလွတ်ရာကို စစ်ရှောင်ချင်တယ်ဆိုရင် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက တာဝန်ယူပြီး အချိန်နဲ့တပြေးညီ စစ်ဘေးလွှတ်ရာကို ခေါ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မကွေး #စလင်း #ဆင်ဖြူကျွန်း #တိုက်ပွဲ #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10