ဆင်ဖြူကျွန်းမှာ တိုက်ပွဲဖြစ်ပြီး စက်သုံးဆီဆိုင်ကိုဗုံးသီးကျလို့ မီးလောင်    ■ စစ်တပ်က အင်အားရာချီဖြည့်တင်းပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေ

ဆင်ဖြူကျွန်းမှာ တိုက်ပွဲဖြစ်ပြီး စက်သုံးဆီဆိုင်ကိုဗုံးသီးကျလို့ မီးလောင် ■ စစ်တပ်က အင်အားရာချီဖြည့်တင်းပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေ

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးဗုံးသီးကျလို့ စက်သုံးဆီဆိုင်မီးလောင်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ 

နိုဝင်ဘာ ၁၅ ရက် ဒီကနေ့မနက် ၄ နာရီခွဲခန့်မှာ ဆင်ဖြူကျွန်းမြို့ ဆုတ်လှေဦးဘုရားအနီးလမ်းခွဲမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် ထိတွေ့ပစ်ခတ်‌မှုဖြစ်ခဲ့ပြီး အခင်းဖြစ်နေရာအနီးက ရတနာစက်သုံးဆီဆိုင်အပေါ် လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ဘယ်ကပစ်တဲ့ လက်နက်ကြီးကျည်ကျပြီး ဆီဆိုင်မီးလောင်တာတော့ မသိဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။

လက်ရှိမှာ ဆင်ဖြူကျွန်းမြို့ကို မင်းဘူး(စကု)အခြေစိုက် ခလရ ၁၀ တပ်က အင်အား ၁၅၀ ခန့်နဲ့ အင်အားဖြည့်တင်းထားပြီး သစ္စာမြိုင်ရပ်ကွက် ဝါဂိုဒေါင်မှာ တပ်စွဲကာ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

“ လက်ရှိမှာ စကုစစ်တပ်က စစ်သားတွေက သစ္စာမြိုင်ကွက်သစ် ဝါဂိုဒေါင်အတွင်းကနေ လက်နက်ကြီးတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေရှိတဲ့ စလင်းချောင်းအနောက်ဘက်ကို ပစ်ခတ်နေတုန်းပဲ” လို့ ၎င်းက ပြောပါတယ်။

ဆင်ဖြူကျွန်းမှာ စစ်ကောင်စီတပ်ရဲ့ စလင်းတပ်နယ် ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ နဲ့ ဆိပ်ဖြူ၊ ကဇွန်းမ အခြေစိုက် ကပစ ၂၁ က စစ်ကောင်စီတပ်သား‌တွေ ပူးပေါင်းကာ ဆုတ်လှေဦး လမ်းခွဲအပါအဝင် မြို့ပေါ် နေရာ ၅ ခုထက်မနည်းမှာ အထိုင်ချတပ်စွဲနေတယ်လို့ သိရပါတယ်။

စာတည်း- ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ဆင်ဖြူကျွန်း #တိုက်ပွဲ #စစ်တပ် #လက်နက်ကြီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10