ဆင်ဖြူကျွန်းမှာ လေပြင်းတိုက်လို့ နေအိမ် ၃၀ ကျော်ပျက်စီး

ဆင်ဖြူကျွန်းမှာ လေပြင်းတိုက်လို့ နေအိမ် ၃၀ ကျော်ပျက်စီး

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အပိုင် ကျေးရွာတွေမှာ လေပြင်းတိုက်တာကြောင့် နေအိမ် ၃၀ ကျော်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၁၇ ရက် ညနေ ၆ နာရီခန့်မှာ မိုးရွာပြီးလေပြင်းတိုက်တာကြောင့် နေအိမ်တွေ အမိုးလန်ပျက်စီးတာနဲ့ ပြိုကျတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

"လေရောမိုးရောက တနာရီလောက်ပတ်တိုက်တာ။ ဘက်စုံကနေ လေကပတ်တိုက်နေတာဆိုတော့ ရွာခံတွေကကြောက်ပြီး ဘုန်းကြီးကျောင်းဆီပြေးကြရတာ။ "လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လေပြင်းတိုက်လို့ ညောင်အင်းကျေးရွာ၊ ချောင်းကောက်ကြီးကျေးရွာ၊ လူဝံကျွန်းကျေးရွာ၊ နတ်စဥ်ကျေးရွာနဲ့ ချောင်းကောက်ကလေးကျေးရွာတွေက နေအိမ် ၃၀ ကျော်ပြိုကျ ပျက်စီးခဲ့တာပါ။ 

လက်ရှိမှာထိခိုက်ပျက်စီးမှုတွေကို ဒေသခံတွေနဲ့ ကျေးရွာတွေအခြေစိုက်ကြက်ခြေနီအဖွဲ့ဝင်တွေက ပြန်လည်ပြုပြင် ရှင်းလင်းတာတွေလုပ်နေကာ လေဘေးသင့်ဒေသခံ ၁၀၀ ကျော်အတွက်ကတော့ အကူအညီတွေ မရသေးဘူးလို့ဆိုပါတယ်။

၂၀၂၃ ဧပြီ ၂၂ ရက်ကလည်း စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းတာကြောင့် နေအိမ် ၁၀ လုံးကျော်နဲ့ ဘုရားစေတီတွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #စလင်း #ဆင်ဖြူကျွန်း #လေပြင်းတိုက် #နေအိမ်ပျက်စီး #သဘာဝဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10