ဆင်ဖြူရှင်တံတားအနီး စစ်ကောင်စီသင်္ဘော ၂ စီးကို တော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း အောက်မှအထက်ဘက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီစစ်သားအင်အား ၃၀ ဝန်းကျင်နဲ့ စစ်သင်္ဘော ၂ စီးကို မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားအကျော်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အဲဒီ စစ်သင်္ဘော ၂ စီးနဲ့ အင်အား ၃၀ ခန့်ကို ဇွန် ၂၁ ရက် မနက် ၆ နာရီဝန်းကျင်မှာ မီတာ ၂၀၀ ခန့်အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်သလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အနီးဆုံးနေရာကနေ မှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် စစ်သင်္ဘော ၂ စီးဟာ အထက်ကိုဆန်တက်ရင်းနဲ့ ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကိုတော့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပခုက္ကူခရိုင်တပ်ရင်းအမှတ် ၉ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #ဆင်ဖြူရှင်တံတား #စစ်သင်္ဘော၂စီး #ပစ်ခတ်ခံရ #ချင်းတွင်းမြစ်ကြောင်း #စစ်အုပ်စု #ထိခိုက် #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10