ဆင်မရဲရွာစစ်အုပ်စုဂိတ်ကို တိုက်ခိုက်ပြီး ကာဘိုင် ၁ လက်ရရှိ

ဆင်မရဲရွာစစ်အုပ်စုဂိတ်ကို တိုက်ခိုက်ပြီး ကာဘိုင် ၁ လက်ရရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာအရှေ့ဘက်ထိပ်ရှိ စစ်သားနဲ့ပျူစောထီးတွေ ငွေတောင်း နေတဲ့ဂိတ်ကို စက်တင်ဘာ ၁၆ ရက်မနက် ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Yesagyo Revolution Group (YRG) အဖွဲ့ဆီက သိရပါတယ်။ 

စစ်သားနဲ့ ပျူစောထီးအင်အား ၃၀ ဦးဝန်းကျင်ရှိနေတဲ့ အဲ့ဒီဂိတ်ကို Yesagyo Revolution Group (YRG) နဲ့ ပခုက္ကူ ခရိုင် တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်တွေက မိတာ ၅၀ အကွာကနေတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“စစ်**တွေ ထွက်ပြေးတဲ့အချိန်မှာ ကာဘိုင် ၁ လက်တော့ ရရှိခဲ့တယ်၊ ထိခိုက်သေဆုံးမှုတော့ မရှိပါဘူး၊ ကျနော်တို့ ရဲဘော်တွေဘက်ကတော့ ဆိုင်ကယ် ၂ စီးတော့ ဆုံးရှုံးခဲ့တယ်”လို့ Yesagyo Revolution Group (YRG) ရဲဘော်တဦးက ပြောပါတယ်။

ဆင်မရဲရွာထဲမှာ တပ်မ ၁၀၁ က စစ်သားတွေနဲ့ပျူစောထီး စုစုပေါင်းအင်အား ၄၀ လောက် တပ်စွဲနေပြီး အနီးဝန်းကျင်ကျေးရွာတွေနဲ့ လမ်းသွားလမ်းတွေဆီကနေ ငွေတောင်းတာတွေအပြင် စစ်ကြောင်းထိုး တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်ကလည်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာ စစ်သားနဲ့ ပျူစောထီးရှိတဲ့နေရာကို Yesagyo Revolution Group (YRG) အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၉ ဦး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #ဆင်မရဲ #စစ်ကောင်စီဂိတ် #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10