ဆင်မရဲရွာ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး အရာရှိတဦးအပါ ၁၄ ဦးသေဆုံး၊ ၃ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲရွာ ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် ၁၄ ဦးသေဆုံးကာ စစ်သား ၁ ဦးနဲ့ ပျူစောထီး ၂ ဦးကို အရှင်ဖမ်းနိုင်ခဲ့တယ်လို့ Yesagyo Revolution Group YRG အဖွဲ့ဆီက သိရပါတယ်။

ဆင်မရဲရွာမှာ စစ်ကောင်စီရဲ့ တပ်မ ၁၀၁ က တပ်သားအချို့နဲ့ ပျူစောထီး ၃၀ ဦးဝန်းကျင်တပ်စွဲနေတာဖြစ်ပြီး သူတို့ကို ဇန်နဝါရီလ ၂၈ ရက် မနက် ၅ နာရီကနေ တိုက်ခိုက်ခဲ့တယ်လို့ Yesagyo Revolution Group YRG ရဲဘော်တဦးက ပြောပါတယ်။

"ပျူစောထီး ၁၄ ကောင်နဲ့ တပ်မ ၁၀၁ က အရာရှိ ၁ ဦးသေတယ်။ ဖမ်းဆီးရမိတာက ၃ ယောက်ရှိတယ်။" လို့ ဆိုပါတယ်။ 

ပျူစောထီးစခန်းတိုက်ခိုက်ပြီးနောက် ရှော့ဂန်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၃ လုံး၊ ဆိုင်ကယ် ၅ စီးနဲ့ အခြားဆက်စပ်ပစ္စည်း‌တွေ သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုတော့ သက်ဆိုင်ရာ ပကဖကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Yesagyo Revolution Group YRG၊ Pakokku Special Guerrilla Force (ပခုက္ကူ ပကဖ)၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Force၊ Urban Underground Force၊ နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃၊၄၊၅၊၆)၊ PKU တပ်ပေါင်းစုနဲ့ မြင်းခြံခရိုင်ဒရုန်းတပ်ရင်း (MDDS) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #ဆင်မရဲရွာ #ပျူစောထီးစခန်း #တိုခိုက်ခံရ #တပ်မ၁၀၁ #စစ်သား #ပျူစောထီး #ထိခိုက် #စစ်သား၁ဦး #ပျူစောထီး၂ဦး #အရှင်ဖမ်းမိ #လက်နက်ခဲယမ်းသိမ်းဆည်းရ #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10