ဆန္ဒမပါဘဲ အတင်းအကျပ်စစ်မှုထမ်းစာရင်းမသွင်းဖို့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ မသမာမှုမလုပ်စေဖို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးပြော

ဆန္ဒမပါဘဲ အတင်းအကျပ်စစ်မှုထမ်းစာရင်းမသွင်းဖို့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ မသမာမှုမလုပ်စေဖို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးပြော

စစ်မှုထမ်းစာရင်းကောက်ယူရာမှာ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းသွင်းတာမျိုး မလုပ်ဆောင်ဖို့ ၊ မြေပြင်မှာဆောင်ရွက်နေတဲ့ ရပ်ကျေးအဆင့်အုပ်ချုပ်ရေးများအနေနဲ့လည်း မသမာမှုတွေမရှိစေဖို့ အလေးထားဆောင်ရွက်ရမယ်လို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ဇူလိုင် ၁၂ ရက် မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ပဉ္စမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဌတာဝန်ယူထားသူ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း က အခုလို ပြောဆိုလိုက်တာပါ။

ဒါ့အပြင် တိုင်းနဲ့ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေအနေနဲ့ စစ်မှုထမ်းစာရင်းကောက်ယူရာမှာ သတ်မှတ်အသက်မပြည့်မီသူတွေနဲ့ အသက်ကျော်လွန်သူတွေ မပါရှိစေရေး ကြပ်မတ်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကာကွယ်ရေးဝန်ကြီးက အခုလိုပြောဆိုပေမယ့် မြေပြင်က စစ်မှုထမ်းစာရင်းကောက်သူ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ခြိမ်းခြောက်ငွေကြေးကောက်ခံတာတွေရှိနေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသက်မပြည့်သူတွေပါမချန် နေအိမ်တွေထဲအထိ ဝင်ရောက်စီးနင်းပြီး စစ်မှုထမ်းဖို့ ခေါ် ဆောင်နေတယ်လို့ ပဲခူးအနောက်ခြမ်းနဲ့ မန္တလေးဒေသခံတွေက ပြောဆိုပါတယ်။

အင်အားချိနဲ့လာတဲ့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၃ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းကြောင်းကြော်ငြာပြီးနောက် မတ်လနောက် ဆုံးအပတ်ကစတင်ကာ စစ်မှုထမ်းအပတ်စဉ် ၁ ဖွင့်လှစ်ခဲ့ရာ အပတ်စဉ် ၃ အထိဖွင့်လှစ်ပြီးစီးခဲ့တာပါ။

စစ်ကောင်စီတပ်ကဖွင့်လှစ်ခဲ့တဲ့ အပတ်စဉ် ၂ စစ်မှုထမ်းသင်တန်းမှာလည်း  မြေလတ်ဒေသက လူငယ် ၈၀၀ ကျော် အတင်းအကျပ်စုဆောင်းခံခဲ့ရတယ်လို့ ဗမာ့ရေးရာနဲ့ပဋိပက္ခလေ့လာရေးအဖွဲ့- BACS ရဲ့ မေလက ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

#မြေလတ်အသံ

#စစ်ကောင်စီ #စစ်မှုထမ်းဥပဒေ #ကာကွယ်ရေးဝန်ကြီး #ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10