ဆားတောင်မြို့မရဲစခန်း စီးနင်းခံရလို့ စစ်အုပ်စုဘက်က အရာရှိတဦးအပါအဝင် ၁၂ ဦးသေဆုံးဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က အရာရှိတဦးအပါအဝင် ၁၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ‌တွေများပြားတယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင် အဖွဲ့ဆီက သိရပါတယ်။

အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားတွေအပါအဝင် ရဲတပ်ဖွဲ့နဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ဆားတောင်းမြို့က မြို့မရဲစခန်းကို မေလ ၂၁ ရက် ည ၆ နာရီလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲချိန် ၂ နာရီခွဲလောက် ကြာခဲ့တာလို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။


"ည ၆ နာရီ စတိုက်ပြီး တိုက်ခိုက်ချိန်က ၂ နာရီခွဲလောက်ကြာခဲ့ပါတယ်။ စခန်းထဲဝင်ကပ်ဖို့ စဲစဲမှာ ဂျက်ဖိုက်တာလာလို့ ဆုတ်ခွာခဲ့ရတယ်။ ကျနော်တို့ဘက် ထိခိုက်မှုမရှိဘူး" လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီအရာရှိတဦးအပါအဝင် ၁၂ ဦးဝန်းကျင်သေဆုံးကာ ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ မြေပြင်သတင်းပေးချက်အရ သိရပြီး ဂျက်ဖိုက်တာ ၂ စီးဝဲပြီး ပစ်ခတ်နေလို့ စခန်းထဲမဝင်ရောက်နိုင်ဘဲ လက်နက်တွေ မသိမ်းနိုင်ခဲ့ဘူးလို့ ဗိုလ်သက်ကြီးက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်၊ နဂါးနီကျောက်ဆည် တပ်ရင်း ၁၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၄ မြင်းခြံခရိုင်နဲ့ ဆားတောင်မိုးကြိုး တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

#ဆားတောင် #မြို့မရဲစခန်း #စီးနင်း #အရာရှိ #သေဆုံး #Zeroပြောက်ကျားတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10