သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့၊ ညောင်ဂျစ်ပင်ရပ်ကွက်နဲ့ မြို့မစျေးအနီး ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနေရာ ၂ ခု တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးတယ်လို့ ဒေါင်းတမန် GZ ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီမှာ ညောင်ဂျစ်ပင်ရပ်ကွက်က ကံဆယ်ဘုန်းကြီးကျောင်းနဲ့ မြို့မစျေးနားက ကံဦးဘုန်းကြီးကျောင်းတို့မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြတာလို့ ဒေါင်းတမန် GZ ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုရွှေမန်းက ပြောပါတယ်။
ကံဆယ်ဘုန်းကြီးကျောင်းက ဆားလင်းကြီးရဲစခန်းနဲ့ ကိုက် ၁၅၀ လောက်အကွာမှာရှိပြီး အင်အား ၂၀ ကျော်ရှိကာ ကံဦးဘုန်းကြီးကျောင်းကတော့ မြို့မစျေးနဲ့ ကိုက် ၁၀၀ ကျော်မှာရှိကာ အင်အား ၃၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စွဲနေရာတွေကို တိုက်ခိုက်ချိန် စနိုက်ပါ၊ လက်နက်ငယ်၊ ၄၀ မမ၊ ဒရုန်းတွေအသုံးပြု တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲချိန် ၃ နာရီနီးပါး ကြာခဲ့တယ်လို့ ပြောပါတယ်။
တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဘက်က ပြန်ပစ်လို့ ဒေသခံနေအိမ် ၂ လုံးခန့်ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။
ရဲဘော်တွေမျက်မြင်တွေ့တာနဲ့ ဒေသခံတွေရဲ့ သတင်းပေးချက်အရ စစ်အုပ်စုဘက်က ၉ ဦးသေဆုံးတယ်လို့ အတည်ပြုနိုင်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်သေဆုံးမရှိခဲ့ဘူးလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂၂ ရက်မှာ ဆားလင်းကြီး မြို့ဝင်မြို့ထွက်နဲ့ မြို့တွင်းနေရာတွေမှာ စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ ကင်းလှည့်နေတာတွေရှိတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကိုတော့ ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့၊ Royal Brother Forceတပ်ဖွဲ့၊ ချင်းတွင်းဒိုင်းနမိုက်တပ်ဖွဲ့၊ ဇာနည်သွေးတပ်ဖွဲ့၊ SPDF တပ်ဖွဲ့၊ G-3အောင်ကြီးတပ်ဖွဲ့၊ တောဘုရင်ဗိုလ်ယက္ခတပ်ဖွဲ့၊ ချင်းတွင်းကာကွယ်ရေး(CDF)တပ်ဖွဲ့၊ Fighter for Fredy တပ်ဖွဲ့၊ ဒေါင်းတမာန် GZ ပြောက်ကျားတပ်ဖွဲ့၊ Eagleတပ်ဖွဲ့၊မျိုးဆက်သစ်ကိုလေးတပ်ဖွဲ့၊ CRAမုံရွာတပ်ရင်း ၁၅ တပ်ဖွဲ့၊ ၅/Fighter Groupတပ်ဖွဲ့၊ တောင်ပံနီတပ်ဖွဲ့၊အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့၊ တောသားကြီးကျားပျံတပ်ဖွဲ့၊ ဒရုန်းမင်းတပ်ဖွဲ့၊တပ်ရင်း ၁၇ တပ်ခွဲ ၃ MYF တပ်ဖွဲ့၊ တပ်ရင်း ၁၇ တပ်ခွဲ ၄ GNBF တပ်ဖွဲ့၊ တပ်ရင်း ၄ တပ်ခွဲ ၂၊ ၅/Commando Force တပ်ဖွဲ့၊ Monywa Under Ground Force-MUGF တပ်ဖွဲ့၊ တပ်ရင်း ၂၅ မုံရွာသံမဏိတပ်ဖွဲ့၊ ဒေါင်းဖိုက်တာတပ်ဖွဲ့၊တပ်ရင်း ၂၃ တပ်ခွဲ ၂ ကျားညီနောင်တပ်ဖွဲ့၊ နောင်ကြီးတပ်ဖွဲ့၊ မဟာမိတ်တော်လှန်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဇူလိူင် ၁၉ ရက်ကလည်း ဆားလင်းကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ဆေးရုံဝန်းထဲက စစ်ကောင်စီဂိတ်၊ မင်းကန်ကြီးဘုန်းကြီးကျောင်းအတွင်းက စစ်ကောင်တပ်စွဲနေရာနဲ့ ထွေအုပ်ရုံးတို့ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ၂ ဦးသေဆုံးပြီး PDF ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ဆားလင်းကြီး #စစ်တပ် #တပ်စွဲ #တိုက်ခိုက်
Share Share Share