ဆားလင်းကြီးက မီးဘေးသင့်ပြည်သူတွေကို စားသောက်ကုန်နဲ့ အသုံးအဆောင်ပစ္စည်းတွေထောက်ပံ့

ဆားလင်းကြီးက မီးဘေးသင့်ပြည်သူတွေကို စားသောက်ကုန်နဲ့ အသုံးအဆောင်ပစ္စည်းတွေထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက မီးဘေးသင့်ပြည်သူ တွေကို ဆန်၊ဆီနဲ့ အသုံးအဆောင်ပစ္စည်းတွေထောက်ပံ့ခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

သြဂုတ်လ ၃ ရက် ယနေ့မနက်ပိုင်းမှာ ထောက်ပံ့ခဲ့တာဖြစ်ပြီး စားသောက်ကုန် ဆန်နဲ့ဆီအပြင် ဇလုံ၊ ဇွန်း၊ ဆပ်ပြာ၊ သွားတိုက်ဆေးတွေ ပါဝင်ကာ တအိမ်ထောင်ကို၂ သောင်းကျပ်နှုန်းနဲ့ အိမ်ထောင်စု ၉၀ အတွက် ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျမတို့အဖွဲ့အနေနဲ့ တတ်နိုင်သလောက်ထောက်ပံ့ခဲ့တာပါ။ ညောင်ပင်ကြီးစစ်ရှောင် တွေအနေနဲ့ စစ်ရှောင်နေရတာ၂ လပြည့်တော့မှာရှင့်။ ရွာထဲမှာတပ်စွဲထားတော့ နေရပ်ပြန်မကပ်နိုင်ဖြစ်နေတာ" လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ညောင်ပင်ကြီးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ  မီးရှို့ဖျက်ဆီးတာနဲ့ ဒေသခံတွေကို သတ်ဖြတ်တာတွေအပြင် လက်ရှိအထိ ကျေးရွာအတွင်း တပ်စွဲနေတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်း မီးဘေးသင့် အိမ်ထောင်စု ၆၀၀ ကျော်ရှိတာဖြစ်ပြီး ပထမဦးစားပေးအနေနဲ့ အိမ်ထောင်စု ၉၀ ကို ထောက်ပံ့ခဲ့တာဖြစ်ကာ ကျန်တဲ့ အိမ်ထောင်စု ၅၀၀ ကျော် ထောက်ပံ့ပေးဖို့လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ဘေးရှောင် #ထောက်ပံ့မှု #မီးဘေးသင့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10