ဆားလင်းကြီးမြို့နယ်အပိုင် ချင်းတွင်းမြစ်ကြောင်းတနေရာမှာ စစ်ကောင်စီသင်္ဘောတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာမှာ စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၅၀ ခန့်လိုက်ပါလာကြတဲ့ ဖလက်ခွန် ၁ စီးနဲ့ သင်္ဘော ၂ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဇွန် ၂၆ ရက်က ဆားလင်းကြီးမြို့နယ်တနေရာ ချင်းတွင်းမြစ်အတွင်း ဆန်တက်မောင်းနှင်နေတဲ့ စစ်ကောင်စီသင်္ဘောတွေကို မီတာ ၂၀ ခန့်အကွာကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ Chindwin Dynamice (Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဒီမိုကရေစီသရဲလေးက ပြောပါတယ်။

အဲဒီစစ်ကောင်စီသင်္ဘောတွေဟာ ဇွန် ၂၅ ရက်က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဧရာဝတီမြစ်ဘက်ကနေ ဆန်တက်လာပြီး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ် ဆင်ဖြူရှင်တံတားမှာ ညအိပ်ရပ်နားကာ နောက်တနေ့တွင် ဆက်လက်ဆန်တက်ချိန် အခုလိုတိုက်ခိုက်ခံခဲ့ရတာပါ။

ဒီတိုက်ခိုက်မှုကို Chindwin Dynamice (Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ ၊ တပ်ခွဲ ၃ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့(Salingyi)နဲ့ Fighter Nine Forces(Salingyi) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ဆားလင်းကြီး #ချင်းတွင်းမြစ် #စစ်သင်္ဘော #တိုက်ခိုက် #ပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10