ဆားလင်းကြီးမြို့ပေါ် စစ်တပ်စခန်းတွေကို ပူးပေါင်းတပ်တွေတပြိုင်နက်ဝင်တိုက် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ဆားလင်းကြီးမြို့ပေါ် စစ်တပ်စခန်းတွေကို ပူးပေါင်းတပ်တွေတပြိုင်နက်ဝင်တိုက် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက်တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Chindwin Dynamice (Salingy) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဆားလင်းကြီးမြို့မရဲစခန်း၊ ဆေးရုံဝန်းအတွင်း စစ်ကောင်စီဂိတ်၊ စစ်ကောင်တပ်စွဲထားရာ မင်းကန်ကြီးဘုန်းကြီးကျောင်းနဲ့ ထွေအုပ်ရုံးတွေကို ဇူလိုင် ၁၉ ရက် မနေ့မနက် ၈ နာရီခန့်ကနေ ည ၇ နာရီခွဲခန့်အထိ ပူးပေါင်းတပ်တွေက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေအသုံးပြုပြီး တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ်။

"ဆေးရုံကုန်းနဲ့ ဘုန်းကြီးကျောင်းထဲက စကစဘန်ကာနှစ်ခုကိုတော့ ဖျက်ဆီးနိုင်ခဲ့တယ်။ စကစအဖွဲ့တွေ ထွက်ပြေးတာ မြင်လိုက်ရတယ်။ အပြီးသိမ်းနိုင်ဖို့ကျတော့ ကျည်မလောက်လို့ ညပိုင်းလောက်မှာ ပြန်ဆုတ်လာရတာ" လို့ Chindwin Dynamice (Salingy) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဒီမိုကရေစီ သရဲလေးကပြောပါတယ်။ 

တိုက်ပွဲအတွင်း ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံကုန်းက စစ်ကောင်စီတပ်ဖွဲ့တွေကတော့ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ChinDwinDynamite ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၅)၊ တပ်ခွဲ(၃)၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Saligyi)၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃၅)၊ တပ်ခွဲ(၃)၊ တပ်စိတ်(၁) 5/Fighter (Monywa)၊ Fighter Nine Force(Salinbgyi)၊ SPDF (Salingyi)၊ မျက်လုံးစစ်ကြောင်း၊ သေမင်းတမန်အဖွဲ့၊ မျိုးဆက်သစ်လူငယ်အဖွဲ့၊ အာဏာရှင်တော်လှန်ရေးအဖွဲ့၊ SRAအောင်ကြီးအဖွဲ့၊ ဖီးနစ်အဖွဲ့၊ ဒေါင်းတမာန်အဖွဲ့၊ နောင်ကြီး PDF၊ CDF၊ ဗိုလ်ယက္ခ၊ Under Ground အဖွဲ့၊ အာဠာဝကအဖွဲ့၊ ပလဖ၊ သံမဏိမြွေပွေး၊ မုံရွာခရိုင်တပ်ရင်း(၂၇)၊ Black Dragon Doneအဖွဲ့၊ Brave Heart Army(BHA)၊ Chindwin Fighter Group(C.F.G)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) စစ်ဒေသ(၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ကောင်စီ #စခန်း #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10