ဆားလင်းကြီး မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ် နေရာတွေမှာ တပ်စွဲနေတဲ့စစ်အုပ်စုကို နိုဝင်ဘာ ၂၄ ရက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDF အဖွဲ့ဆီက သိရပါတယ်။

အင်အား ၁၀၀ ဝန်းကျင်နဲ့ အထိုင်ချတပ်စွဲနေတဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့၊ စစ်ကောင်စီတပ်စွဲထားရာ စာသင်ကျောင်းတို့ကို Chindwin Toe Na Yar PDFနဲ့ မဟာမိတ်အဖွဲ့တွေက ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ၊ ၁၂၀ မမ အပြင် လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDF ဗိုလ်မုန်တိုင်းက ပြောပါတယ်။

ည ၁၀ နာရီကနေ ည ၁၁ နာရီခွဲအထိ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးတာနဲ့ သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဗိုလ်မုန်တိုင်းက ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ Chindwin Toe Na Yar PDF၊ ယင်းမာပင်တပ်ရင်း၂၉ တပ်ခွဲ ၂၂၊ ယင်းမာပင်တပ်ရင်း ၂၅ ခွဲ တပ်စု ၃၊ တူမီးတပ်ဦး SKY ၊ တူမီးတပ်ဦး Yinmarbin local PDF၊ တူမီးတပ်ဦးဖီးနစ်ဖိုက်တာ၊ တူမီးတပ်ဦး တော်လှန်ပြောက်ကျား၊ SPDF ဆားလင်းကြီး၊ ယင်းမာပင်တပ်ရင်း ၁၆ ဒေါင်းယင်း၊ ဖီးနစ်ပြည်သူ့ကာကွယ်ရေး ဆားလင်းကြီး၊ ဇာနည်သွေး ဆားလင်းကြီး၊ ယင်းမာပင်တပ်ရင်း၂၇၊ BED ငညို နဲ့ Myanmar National Armed Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကလည်း ပုလဲမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို Chindwin Toe Na Yar PDF အဖွဲ့က လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #ဆားလင်းကြီး #စစ်ကောင်စီ #ရဲစခန်း #ထွေအုပ်ရုံး #လက်နက်ကြီး #ဒေသကာကွယ်ရေးတပ် #ချင်းတွင်းဒေသ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10