ဆားလင်းကြီးမြို့ပေါ်  ရဲစခန်းနဲ့ဆေးရုံကစစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့က ရဲစခန်းနဲ့ ဆေးရုံတွေမှာ တပ်စွဲထားတဲ့ နမခက စစ်သားတွေကို ကာကွယ်ရေးအဖွဲ့တွေက တပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ယမန်နေ့ မတ် ၂ ရက် မနက် ၉ နာရီခွဲမှာ ကာကွယ်ရေးအဖွဲ့တွေခွဲပြီး တိုက်ခိုက်ခဲ့ကြတာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်ခွဲမှူးဗိုလ်စေတန် က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဆေးရုံမှာ အင်အား ၈၀ ခန့်နဲ့ ရဲစခန်းမှာ အင်အား ၅၀ ခန့် ရှိပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ ဆေးရုံဘန်ကာမှာ တပ်စွဲထားတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတွေဘက်က ပစ်ခတ်တာကြောင့် ပြည်သူ ၁ ဦး ထိမှန်သွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA စေတန်တပ်ခွဲ၊ မုံရွာခရိုင်တပ်ရင်း ၁၇ တပ်ခွဲ ၃၊ မုံရွာ Underground၊ ဆားလင်းကြီးမဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့နယ် #တော်လှန်ရေးအင်အားစု #စစ်ကောင်စီ #တိုက်ခိုက်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10