ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သား လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်

ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သား လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားတဦး ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ဆားလင်းကြီးမြို့နယ်အခြေစိုက် ဓါးမဆိုင်းတပ်မတော်ဆီကို လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

ဆားလင်ကြီးမြို့မရဲစခန်းက ရဲတပ်သား ဝင်းကိုဟာ သြဂုတ်လ ၂၅ ရက်ညနေ ၃ နာရီလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့အကူအညီနဲ့ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ သူ့ကိုသွားခေါ်ရတာပါ၊ အချိတ်အဆက်နဲ့ပါ၊ သွားခေါ်ရတာတော်တော်ခက်တယ်။ မနက်ခင်းကနေပြီးတော့ ညနေပိုင်းမှခေါ်လို့ရတာ” လို့ ဓါးမဆိုင်းတပ်မတော်အဖွဲ့ခေါင်းဆောင် ဗိုလ်စွမ်းက ပြောပါတယ်။ 

ရဲတပ်သား ဝင်းကိုဟာ G3 ၁ လက်နဲ့ ကျည် ၁၅ တောင့်လည်း ယူလာခဲ့တာကြောင့် သူ့ကို ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်ပေးခဲ့ပြီး လက်ရှိစခန်းမှာပဲ နေထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီရဲတပ်တပ်သားအပါအဝင် ဓါးမဆိုင်းတပ်မတော်အဖွဲ့ဆီ အလင်းဝင်လာတဲ့ ရဲတပ်သား စုစုပေါင်း ၂ ဦး ရှိပြီလို့လည်း ဗိုလ်စွမ်းက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #ရဲတပ်သား #အလင်းဝင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10