ဆားလင်းကြီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

ဆားလင်းကြီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တောင်ဘက်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာလ ၆ ရက် ဒီနေ့မနက် ၅ နာရီကျော်ကစပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်ချီကာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

 

 ဆားလင်းကြီးမြို့ပေါ်ကနေ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ခြေလျင်စစ်ကြောင်းထိုးလာနေတာဖြစ်ပြီး အဲဒီစစ်ကြောင်းဟာ မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ ကျားတက်ကျေးရွာ ရဲစခန်းကို သွားနေတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။


"အဲဒီရဲစခန်းမှာက စကစတွေ တပ်စွဲနေတာ။ အဲ့ဒီဘက်မှာက ကျားတက်ရဲစခန်းရယ်၊ ညောင်ပင်ကြီး ရဲစခန်းရယ်ရှိတယ်။ အဲ့ဒါကို လက်နက်၊ ခဲယမ်း၊ ရိက္ခာတွေပို့ဖို့သွားတာ ဖြစ်နိုင်တယ်" လို့ ဆားလင်းကြီးမြို့ နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့လယ် ၁ နာရီကျော်မှာ ဆားလင်းကြီးမြို့နဲ့ မိုင်ဝက်ခန့်သာဝေးတဲ့ ပေါင်းဝကျေးရွာကို စစ်ကောင်စီသင်္ဘော ၂ စီးနဲ့ လက်နက်၊ ခဲယမ်းတွေ ပို့ဆောင်ခဲ့တာကို မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက သွားယူခဲ့ပြီးနောက် နောက်တနေ့မနက်မှာ အခုလို စစ်ကြောင်းထိုးနေတာလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးရာ လမ်းတလျောက်မှာရှိတဲ့ ရုံးပင်၊ ထူးကြီး၊ မင်းတော၊ ပျော်ဘွေ၊ အမြင့် စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံတွေ ထွက်ပြေးနေကြရတာဖြစ်ပြီး လက်ရှိမှာ စစ်ကြောင်းဟာ ရုံးပင်ကျေးရွာအနီးကို ရောက်ရှိနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၂ ရက်ကနေ ၄ ရက်အထိ မန္တလေးဘက်ကနေ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ပဒူကျေးရွာထဲ အထိုင်ချတပ်စွဲနေတဲ့ တပ်မ ၃၃ က အင်အား ၅၀ကျော်ပါ စစ်ကြောင်းတို့က စစ်ကိုင်းမြို့နဲ့ ဝက်လက်မြို့နယ်က ကျေးရွာတွေကို တရွာဝင် တရွာထွက် ပစ်ခတ်ဝင်ရောက်ကာ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၂၁ ရွာက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ပုံစာ - စက်တင်ဘာ ၆ ရက်ဒီကနေ့မနက်မှာ တိမ်းရှောင်နေရသည့် ဆားလင်းကြီးဒေသခံများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း၊ #ဆားလင်းကြီး #စစ်ကောင်စီ #စစ်ကြောင်းထိုး #ညောင်ပင်ကြီးရဲစခန်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10