ဆားလင်းကြီးမှာ စစ်တပ်က အကြောင်းမဲ့ပစ်ခတ်လို့ ရွာသားတဦသေ၊ တဦးဒဏ်ရာရ

ဆားလင်းကြီးမှာ စစ်တပ်က အကြောင်းမဲ့ပစ်ခတ်လို့ ရွာသားတဦသေ၊ တဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားခါးရွာဘက်ကို စစ်တပ်စစ်ကြောင်းဖြတ်လာချိန် လက်နက်တွေနဲ့ပစ်ခတ်လို့ အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်ဆီက သိရပါတယ်။ 

ဇူလိုင်လ ၅ ရက်မနက် ၁၀ နာရီလောက်က အင်အား ၉၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ ဆားခါးရွာအနောက်ခြမ်းကနေ ဖြတ်သွားချိန်မှာ ပစ်ခတ်မှုတွေ လုပ်ခဲ့တာလို့လည်း ဆိုပါတယ်။ 

"ကျမ မောင်က နဂိုကလည်း အရက်သောက်တတ်တယ်။ အိမ်ကလူတွေနဲ့တောင် စကားကိုသေချာပြောတာမဟုတ်ဘူး။ စစ်ကြောင်းလာချိန် သူက ရွာအနောက်ဖက် တောလမ်းလေးမှာ ရောက်နေချိန် ပစ်သတ်ခံရတာ"လို့ သေဆုံးသူရဲ့ မိသားစုဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသွားသူက ကိုအာနိုး ၂၉ နှစ် ဖြစ်ပြီး၊ မအိဖြိုးဝေ ၂၃ နှစ်ကတော့ လက်မောင်းကျည်ထိမှန် ဒဏ်ရာရခဲ့ကာ ကိုအာနိုးရဲ့ အလောင်းကိုတော့ ညနေပိုင်းမှာတင် ချက်ချင်းသင်္ဂြိုလ်ခဲ့ပြီး မအိဖြိုးဝေကိုတော့ ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။ 

ဒီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့ဘက်က ဝင်လာတာဖြစ်ပြီး ဘယ်တပ်ရင်းကလဲဆိုတာကိုတော့ မသိရသေးသလို စစ်ကြောင်းဝင်ချိန် ထွက်ပြေးခဲ့ရတဲ့ ဒေသခံအချို့ကတော့ ရွာထဲကို ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီလို့ သိရပါတယ်။  

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ကောင်စီ #ပစ်ခတ် #ဒေသခံ #သေဆုံးမှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10