ဆားလင်းကြီးမှာ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်၊ စုစုပေါင်း ၄ ဦးအထိရှိလာ

ဆားလင်းကြီးမှာ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်၊ စုစုပေါင်း ၄ ဦးအထိရှိလာ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့၊ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၃ သမန်းကျားတပ်ဖွဲ့ဆီကို လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မနက်အစောပိုင်း ၃ နာရီ ၅၀ မိနစ်လောက်မှာ ဆားလင်းကြီးမြို့မရဲစခန်းကနေ G3 ၁ လက်၊ ကျည်ဘောက် ၄ ခု ကျည် ၁၉၉ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာ ၁ ထည်နဲ့အတူ အလင်းဝင်လာတာလို့ သမန်းကျားတပ်ဖွဲ့မှ ရဲဘော်မြတ်ကိုက ပြောပါတယ်။ 

“သူက အားလုံးလွတ်မြောက်မဲ့နေရာကို လာခေါ်ဖို့ချိန်းတယ်၊ ချိန်းတော့ ဒီဘက်ကသွားကြိုပါတယ်၊ သူတို့ကလည်း ချိန်းဆိုတဲ့နေရာကို ပစ္စည်းတွေနဲ့ရောက်လာတယ်” လို့ ရဲဘော်မြတ်ကို ပြောပါတယ်။

အဲ့ဒီရဲတပ်သားကို ဆုငွေကျပ် သိန်း ၅၀ ချီးမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကလည်း ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သား ဝေလျှံကျော်ကလည်း လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာခဲ့တယ်လို့ ရဲဘော်မြတ်ကို က ပြောပါတယ်။ 

နိုဝင်ဘာလအတွင်း စစ်ကောင်စီဘက်တော်သားတွေ အလင်းဝင်ကြဖို့ကို သမန်းကျားတပ်ဖွဲ့က မြို့အနှံ့ စာရွက်ကပ် သတိပေးပြီးနောက်မှာ အထက်ပါ ရဲတပ်သား ၂ ဦး အခုလိုအလင်းဝင်လာကြတာလည်း ဖြစ်ပါတယ်။  

 စစ်အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ သမန်းကျားတပ်ဖွဲ့ဆီကို အလင်းဝင်လာသူ စုစုပေါင်း ၄  ဦးရှိပြီလို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။

 စာတည်း - လင်း

 #မြေလတ်အသံ 

#ဆားလင်းကြီး #မြို့မရဲစခန်း #ရဲတပ်သားအလင်းဝင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10