ဆားလင်းကြီး မြို့မရဲစခန်း လက်နက်ကြီးတွေနဲ့ပစ်ခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ မြို့မရဲစခန်းထဲက အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်သားနဲ့ရဲတွေကို မေလ ၂၆ ရက် ည ၁၁ နာရီကနေ ၁၂ နာရီကျော်အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ကာကွယ်ရေးအဖွဲ့ ၁၀ ဖွဲ့ကျော် စုပေါင်းကာ ဆားလင်းကြီး မြို့မရဲစခန်း ဘေးပတ်ပတ်လည်ကနေဝိုင်းပြီး ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ မီးလောင်ဗုံးတွေနဲ့ပစ်ခတ်ခဲ့တာ၊ စောစောပိုင်းက မီးလောင်ဗုံး ၁ ချက် ၂ ချက်လောက်ပစ်ခတ်ခဲ့တယ်၊ စခန်းနားမှာအိမ်တွေရှိနေတာကြောင့် ပြည်သူတွေထိမှာ စိုးလို့ မီးလောင်ဗုံးပစ်တာရပ်ပြီး ၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ မမတို့နဲ့ပစ်ခတ်ခဲ့ကြတယ်၊ ထိခိုက်မှုတော့အတိအကျမရသေးဘူး၊ ထိခိုက်သေဆုံးမှုတော့ ရှိနိုင်ပါတယ်"လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

မနေ့ညက ဆားလင်းကြီးမြို့၊ မြို့မရဲစခန်း ပစ်ခတ်ခံရပြီးနောက်မှာ နေရာတော်တော်များများမှာ စစ်ဆေးမှုတွေလုပ်နေပြီး အသွားအလာတွေကို တင်းကြပ်ထားတယ်လို့ သိရပါတယ်။


ဒီပစ်ခတ်တိုက်ခိုက်မှုကို သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ ၊ ဒေါင်းမင်းတပ်ရင်း (၂၉ )SPDF၊ စွန်ရဲ ၊ ဘာမထီ ပွဲတိုင်းကျော် ၊ မုံရွာခရိုင်တပ်ရင် (၁၀) FR ၊ ချင်းတွင်းဖိုက်တာ ၊ ဇာနည်သွေး ၊ မဟာရန်ပြောက်ကျားအဖွဲ့ ၊ မျိုးဆက်သစ် နှင့် PPDF အဖွဲ့တို့ ပူးပေါင်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။


တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ဆားလင်းကြီး #တိုက်ပွဲ #မြို့မရဲစခန်း #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10