ဆိပ်ဖြူနဲ့ ဆောနယ်အစပ်ကို တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးအပါ အရပ်သား ၄ ဦးသေဆုံး

ဆိပ်ဖြူနဲ့ ဆောနယ်အစပ်ကို တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးအပါ အရပ်သား ၄ ဦးသေဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူနဲ့ ဆောမြို့နယ်အစပ်ကို စစ်ကောင်စီက ဒီဇင်ဘာ ၁၅ ရက် ဒီကနေ့ ညနေပိုင်းမှာ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲပြီး စက်လတ်တွေနဲ့ပါပစ်ခတ်ခဲ့လို့ အမျိုးသမီး ၂ ဦးအပါ  ၄ ဦးသေဆုံးတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ဆိပ်ဖြူနယ် ပိုင်းရွာ၊ ဝန်ကြီးရွာနဲ့ ရှားလရွာကို တိုက်လေယာဉ်ပါ စက်သေနတ်နဲ့ ပစ်ခတ်သွားသလို သံပုရာပင်ရွာကို ဗုံးကြဲခဲ့လို့ သံပုရာပင်ရွာက အရပ်သား ၄ ဦးသေဆုံးခဲ့ပြီး ဆိပ်ဖြူနယ်နဲ့တစပ်တည်းရှိတဲ့ ဆောနယ်၊ ကြခတ်နဲ့ ပေါက်တောရွာတွေကို စက်သေနတ်နဲ့ပစ်ခတ်ကာ ဗုံးတလုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“ သေတာက သံပုရာပင်ရွာက မိသားစု ၄ ဦးလို့သိရတယ်။ ဗုံးက ပေါင် ၅၀၀ ဗုံးလို့ယူဆရတယ်။ တခြား ရွာတွေကိုလည်း စက်လတ်နဲ့ခုတ်သွားတာ “  လို့ ဆိပ်ဖြူနယ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးတဲ့ ဒေသခံတွေဟာ အမျိုးသမီး ၂ ဦးအပါ မိသားစုဝင် ၄ ဦးလို့သာ သိရှိရသေးပြီး သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတာအပြင် စက်သေနတ်တွေနဲ့ပါပစ်ခတ်နေလို့ ဆိပ်ဖြူမြို့နယ် ပိုင်းရွာ ၊ ဝန်ကြီးရွာ ၊ ရှားလရွာ ၊ သံပုရာပင်ရွာနဲ့ ဆောမြို့နယ် ကြခတ်၊ ပေါက်တော၊ ကျောက်ဆွဲ၊ သုံးလံပြည့် ၊ ရင်းခေါ်စတဲ့ရွာက လူဦးရေ ၇၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းက ဆိပ်ဖြူနယ် ၊ ကဇွန်းမရဲစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာလို့လည်း မြေပြင်တပ်ဖွဲ့တွေထံက သိရပါတယ်။

ပုံစာ - လေကြောင်းပစ်ခတ်သွားသည့် ဆိပ်ဖြူနယ်၊ ဝန်ကြီးရွာ (Google Earth)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ဆော #ဆိပ်ဖြူ #လေကြောင်းတိုက်ခိုက် #အရပ်သား #၄ဦးသေဆုံး #စစ်ကောင်စီတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10