ဆိပ်ဖြူဘာမထီ တပ်ခွဲ ၁ က ရဲဘော်တွေကို အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲ ပြုလုပ်ပေး (ရုပ်/သံ)

ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း၊ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ခွဲ ၁ က ရဲဘော်တွေကို  ဇွန် ၅ ရက် မနက်ပိုင်းက အပတ်စဉ်(၁၅) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။

တပ်ခွဲ ၁ က ရဲဘော် ၃၀ ဝန်းကျင်ကို  ရက်တိုသင်တန်းအဖြစ် ရက် ၂၀ သာ အခြေခံစစ်ပညာသင်ကြားပေးနိုင်ခဲ့ကာ ဇွန် ၅ ရက်မှာတော့ မကွေးတိုင်း ပခုက္ကူခရိုင်တနေရာမှာ သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံက ပြောပါတယ်။

MOD တပ်ရင်းတွေဖြစ်တဲ့အတွက် ရဲဘော်တွေကို အမိန့်နာခံမှု အားကောင်းအောင်၊ ရှေ့တန်းစစ်မြေပြင်မှာ  တိုက်ရည်ခိုက်ရည် စွမ်းဆောင်ရည်မြင့်အောင် သင်ကြားပေးခဲ့တာဖြစ်ပြီး တပ်ရင်းမှာရှိတဲ့ စစ်ပညာတပ်မြောက်ပြီးသားဖြစ်တဲ့ ရဲဘော်တွေက ပြန်ပြီးသင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲနေ့မှာတော့ ထူးချွန်တဲ့ ရဲဘော်တွေကို ဆုချီးမြှင့်ပြီး အရင်သင်တန်းဆင်းပြီးသား ရဲဘော်၊ ရဲမေတွေက ကပြဖျော်ဖြေတာတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ #ဆိတ်ဖြူဘာမထီ #တပ်ခွဲ၁ #ရဲဘော် #အပတ်စဉ်၁၅ #သင်တန်းဆင်း #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10