ဆိပ်ဖြူ လဝကရုံးက အစောင့်ရဲတွေ တိုက်ခိုက်ခံရလို့  ၂ ဦး ဒဏ်ရာပြင်းထန်

ဆိပ်ဖြူ လဝကရုံးက အစောင့်ရဲတွေ တိုက်ခိုက်ခံရလို့  ၂ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့ပေါ်က လူဝန်မှုကြီးကြပ်ရေးရုံး(လဝက)မှာ အစောင့်ကျနေတဲ့ ရဲတွေကို သြဂုတ် ၂၀ ရက်နေ့လယ် ၁ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေး ဒရုန်းလက်ရုံးတပ်ဖွဲ့၊ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက ပြောပါတယ်။

ဆိပ်ဖြူမြို့၊ ပတ္တမြားစျေးကြီးအနီး၊ အနောက်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနဲ့ ရတနာလမ်း လမ်းဆုံမှာရှိတဲ့ လ၀ကရုံးရှေ့မှာ သဲအိတ်တွေအခိုင်အမာချပြီး လုံခြုံရေးယူနေတဲ့ ရဲတပ်သား ၄ ဦးကို ကလလ တံဆိပ် ဗုံးသီး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"Game ဆော့ရင်း ကင်းယူနေတဲ့ ရဲတွေအနားကို တလုံး၊ သဲအိတ်တွေကြားထဲ တည့်တည့်ကို တလုံးပစ်ထည့်လိုက်တာ။ ရဲတွေက ရုံးဖွင့်ရက်ဆို ၆ ယောက်၊ ရုံးပိတ်ရက်ဆို ၄ယောက် နေတာ။ ဒဏ်ရာရတာကို အတွင်းမှာသတင်းပြန်ပေးတဲ့ ရဲဖရဲသီးဆီက သိရတာဗျ"လို့ မကွေးတိုင်းပြည်သူ့ ကာကွယ်ရေး ဒရုန်းလက်ရုံးတပ်ဖွဲ့၊ သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးမှ ခေါင်းဆောင် Cyrus က ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ကား ၂ စီးနဲ့ ရောက်ရှိလာပြီး ဒဏ်ရာ အပြင်းအထန်ရရှိသွားတဲ့ ၂ ဦးကို ဆိပ်ဖြူမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် ရတနာလမ်းဆုံနဲ့ ဗိုလ်ချုပ်လမ်းဆုံကို လမ်းပိတ်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ Cyrus က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်မှာလည်း ဆိပ်ဖြူမြို့ ရဲစခန်းကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေး ဒရုန်းလက်ရုံးတပ်ဖွဲ့၊ သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက 5 Kg Drone ၁ စီးနဲ့ 1Kg ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဆိတ်ဖြူမြို့ လူဝန်မှုကြီးကြပ်ရေးမှူးရုံး။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဆိတ်ဖြူ #လဝက #အစောင့်ရဲ #တိုက်ခိုက်ခံရ #ဒဏ်ရာရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10