ဆိုင်ကယ်ကိုရှောင်ရာက စျေးကားမှောက်ပြီး လူ ၁၃ ဦးဒဏ်ရာရ

ဆိုင်ကယ်ကိုရှောင်ရာက စျေးကားမှောက်ပြီး လူ ၁၃ ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ကျောက်မွဲကျေးရွာအနီး ဆော-စေတုတ္တရာလမ်းပေါ်မှာ ဆိုင်ကယ်ကိုရှောင်ရာကနေ စျေးကားမှောက်ပြီး လူ ၁၃ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၆ ရက် နေ့လယ် ၂ နာရီကျော်ခန့်မှာ စလင်းမြို့ဘက်ကနေ လက်ပံကျင်းကျေးရွာဘက်ကို ပြန်လာတဲ့ ၆ ဘီး ယာဥ်ဟာ မျက်နှာချင်းဆိုင်လာတဲ့ ဆိုင်ကယ်ကို တိမ်းရှောင်ရာကနေ စလစ်ဖြစ်ပြီး တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။

"စလင်းဘက်ကနေ ဈေးဝယ်ပြီး ပြန်လာတဲ့ကားပါ။ ရွာကနေ ကားစုငှားပြီး မြို့တက်စျေးဝယ်တဲ့ကား။ ဆိုင်ကယ်က အတင်းတိုးလာတော့ ရှောင်ရာကနေ ကားမှောက်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ကားမှောက်လို့ ကားပေါ်ပါ လက်ပံကျင်းကျေးရွာနေ အသက် ၃၀ ကနေ အသက် ၆၀ ကြားရှိ အမျိုးသား ၅ ဦးနဲ့အမျိုးသမီး ၈ ဦး မစိုးရိမ်ရဒဏ်ရာတွေ ရသွားတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီပေးပြီး စေတုတ္တရာဆေးရုံကို့ ပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်ကလည်း စေတုတ္တရာမြို့နယ်၊ စေတုတ္တရာ-စလင်းလမ်းပိုင်း မုန်းတမံလမ်းထိပ်မှာ ၆ ဘီးယာဥ်အရှိန်လွန်တိမ်းမှောက်လို့ လူ ၃၁ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ယာဉ်တိုက်မှု #ထိခိုက်ဒဏ်ရာရ #မကွေးတိုင်း #စေတုတ္တရာ #ဆော

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10