ဆိုင်ကယ်ကို ကျော်တက်တဲ့ မီးသတ်ကား တိမ်းမှောက်ပြီး ဆိုင်ကယ်ပေါ်လဲကျ

ဆိုင်ကယ်ကို ကျော်တက်တဲ့ မီးသတ်ကား တိမ်းမှောက်ပြီး ဆိုင်ကယ်ပေါ်လဲကျ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ နတ်မောက်လမ်း၊ ကံပြားအနောက်စုကျေးရွာနားမှာ မီးသတ်ယာဥ်ပိလို့ ဆိုင်ကယ်နဲ့ ဈေးရောင်းတဲ့အမျိုးသားတဦး စိုးရိမ်ရ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၃ ရက် ညနေ ၅ နာရီကျော်ခန့်မှာ နတ်မောက်လမ်းအတိုင်း မြို့သစ်မြို့နယ်၊ နွားလှကျေးရွာနေ  ဦးအောင်ဆန်းဌေးဟာ ဆိုင်ကယ်မောင်းနှင်လာချိန် ကံပြားအနောက်စု အရန်မီးသတ်တပ်ဖွဲ့ကားမှ ဦးအောင်ဆန်းဌေး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ကျော်တက်ချိန် စလစ်ဖြစ်တိမ်းမှောက်ရာ ဆိုင်ကယ်ပေါ်ပိမိခဲ့တာလို့ ဆိုပါတယ်။

"ဆိုင်ကယ်က ရှေ့က သွားတာ။ မီးသတ်ကားက နောက်က မောင်းနေရင်းကနေ ဆိုင်ကယ်ကို ကျော်တက်ချိန်မှောက်ပြီး လူရော ဆိုင်ကယ်ပေါ်ကိုပါ ပိမိသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

မီးသတ်ကားက ဆိုင်ကယ်နဲ့ ဆိုင်ကယ်မောင်းသူပေါ်ကို လဲကျသွားတဲ့အတွက် ဦးအောင်ဆန်းဌေးကို ကားအောက်ကနေ အချိန်အတော်ကြာ ဆွဲထုတ်လိုက်ရပြီး ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာတွေရရှိသွားတယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာပြင်းထန်ရသွားတဲ့ ဦးအောင်ဆန်းဌေးကို ဒေသလူမှုကူညီရေးအသင်းတွေက မကွေးဆေးရုံကို ပို့ထားပေးရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း မကွေးမြို့ #နတ်မောက်လမ်း #ကံပြားအနောက်စုကျေးရွာ #မီးသတ်ယာဥ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10