ဆိုင်ကယ်ချင်းတိုက်မိပြီး ပြုတ်ကျရာမှ တွဲကားကြိတ်ခံရလို့ အမျိုးသမီးငယ် ၁ ဦး သေဆုံး

ဆိုင်ကယ်ချင်းတိုက်မိပြီး ပြုတ်ကျရာမှ တွဲကားကြိတ်ခံရလို့ အမျိုးသမီးငယ် ၁ ဦး သေဆုံး

မကွေးမြို့၊ မြို့ရှောင်လမ်း၊ ကုန်တင်ကားကြီးကွင်းရှေ့မှာ နိုဝင်ဘာ ၁၃ ရက် မနေ့ ညနေ ၆ နာရီကျော်က ကုန်တင်ကားကြိတ်မိပြီး အမျိုးသမီးငယ် ၁ ဦး ဦးခေါင်းကြေမွသေဆုံးသွားတယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

သေဆုံးသူမှာ ထုံးပေါက်တောကျေးရွာနေ မအေးငယ် ၂၁ နှစ်ဖြစ်ပြီး  ထုံးပေါက်တောကျေးရွာဘက်ကို မြို့ရှောင်လမ်းအတိုင်း ဆိုင်ကယ်စီးနင်းလာစဉ် မျက်နှာချင်းဆိုင်မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိပြီးနောက်  ကတ္တရာလမ်းပေါ်ပြုတ်ကျချိန်  ကုန်တင်တွဲကားက တက်ကြိတ်မိသွားတာလို့ ဆိုပါတယ်။

"ရှေ့ကသွားနေတဲ့ တွဲကားကို ကျော်အတက် တဖက်ကလာတဲ့ ဆိုင်ကယ်နဲ့တိုက်တာ။ အဲ့မှာနောက်ကစီးတဲ့ ကလေးမလေးက ဆိုင်ကယ်ပေါ်က ပြုတ်အကျ အနောက်ကနေလာတဲ့ တွဲကားကလည်း ကြိတ်မိသွားတာ"လို့ ဒေသလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ကုန်တွဲယာဥ်ကြိတ်မိလို့ အမျိုးသမီးငယ်မှာ ဦးခေါင်းကြေမွဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားကာ ဆိုင်ကယ်မောင်းနှင်သူ ၂ ဦးကတော့ ပွန်းပဲ့ဒဏ်ရာလောက်သာ ရရှိတယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့်သေဆုံးသွားတဲ့ အမျိုးသမီးငယ်အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက မကွေးဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂၈ရက်မနက်ကလည်း မကွေးမြို့နယ်၊  မကွေး-ကံပြား-နေပြည်တော်သွားကားလမ်း ကျစ်စုံပွေးကျေးရွာနဲ့ ဖိုကုန်းကျေးရွာကြားမှာ လမ်းဖြတ်ကူးသူ အမျိုးသမီးကို Elite ခရီးသည်တင်ယာဥ်က ဝင်တိုက်မိလို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #မြို့ရှောင်လမ်း #ယာဉ်တိုက်မှု #လူသေဆုံး #ကုန်တင်တွဲကား #မတော်တဆမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10