သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မကွေးမြို့၊ မြို့ရှောင်လမ်းမှာ ဆိုင်ကယ်နဲ့ဈေးလာဝယ်တဲ့ လင်မယားနှစ်ဦး ဆိုင်ကယ် ချောက်ထဲကျပြီး အမျိုးသားဖြစ်သူသေဆုံးကာ အမျိုးသမီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၉ ရက် မနက် ၄ နာရီလောက်မှာ ကန်ရွာလေးကျေးရွာကနေ မကွေးမြို့ဘက်ကို ဆိုင်ကယ်နဲ့ ဈေးလာဝယ်တဲ့ အသက် ၅၀ အရွယ် လင်မယားနှစ်ဦးဟာ ကံ့ကော်တစ်ထောင်ဘုရားအနီးမှာ ချောက်ထဲထိုးကျခဲ့တာလို့ ဆိုပါတယ်။
"ဖြစ်တဲ့နေရာက ကွေ့ကြောလည်းဖြစ်တယ်။ မနက်လည်းအစောပိုင်းဆိုတော့ အိပ်ငိုက်ပြီး ထိုးကျသွားတာဖြစ်နိုင်တယ်။ ချောက်ထဲက အပင်တပင်ကို ဝင်တိုက်မိသွားသေးတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါလင်မယားဟာ ကန်ရွာလေးရွာက ဖြစ်ပြီး တပတ်မှာ ၃ ရက်ခန့် မကွေးက အခွန်လွတ်ဈေးမှာ ကုန်စိမ်းတွေဝယ်ယူပြီး ကျေးရွာမှာ ပြန်လည်ရောင်းချနေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဆိုင်ကယ်ချောက်ထဲကိုကျချိန် ဒေသခံလူမှုကူညီရေးအသင်းတွေက မကွေးဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး လမ်းကိုရောက်ချိန်မှ အမျိုးသားဖြစ်သူ သေဆုံးခဲ့ကာ အမျိုးသမီးဖြစ်သူကတော့ ခြေထောက်၊ လက်နဲ့ ခန္ဓာကိုယ်မှာ ပွန်းပဲ့ဒဏ်ရာလောက်သာရပြီး မကွေးဆေးရုံမှာ ဆေးကုနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၅ ရက်ကလည်း မကွေးမြို့၊ အထက ၁ လမ်းနဲ့ သုခိတာလမ်းဆုံမှာ အိမ်စီးကားနဲ့ ခရီးသည်တင်ယာဥ်တိုက်မိပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #မြို့ရှောင်လမ်း #မတော်တဆမှု #ဆိုင်ကယ် #ချောက်ထဲကျ #သေဆုံး
Share Share Share