ဆိုင်ကယ်နဲ့ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး လမ်းမှာသတ်ခံရ

ဆိုင်ကယ်နဲ့ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး လမ်းမှာသတ်ခံရ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာနဲ့ အင်းလယ်ကျေးရွာကြားမှာ ဆိုင်ကယ်နဲ့ပြန်လာတဲ့ အုပ်ချုပ်ရေးမှူးလမ်းမှာ သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လ ၁၇ ရက် မနက် ၁၁ နာရီခန့်မှာ အင်းလယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး အသက် ၅၀ နှစ်ခန့်ဟာ ရွှေပန်းတောကျေးရွာကနေ သူနေထိုင်ရာ အင်းလယ်ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့တဦးတည်းပြန်လာချိန် သတ်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျနော်တို့သိရသလောက်က အင်ကြင်းကုန်းဆိုတာရှိတယ်။ အဲနားမှာ အုပ်ကြီးကိုခြေထောက်လက်တွေ ဓားနဲ့မွှန်းပြီး သေနတ်နဲ့ပစ်သတ်သွားတာ။ မသေခင် နှိပ်စက် စစ်ဆေးသွားပုံပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဓားနဲ့မွှန်း၊ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံရလို့ အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးမှာ နေရာမှာပဲ သေဆုံးသွားလို့ အောင်လံဆေးရုံကို ပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဦးမြင့်ဦးဟာ ကျေးရွာထဲမှာ နွား၊ ဝက်ပေါ်ရင် စစ်ကောင်စီနဲ့ပေါင်းပြီး ဆက်ကြေးကောက်ခံသူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးအသတ်ခံရပြီးနောက် အောင်လံဘက်က စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး အနီးဝန်းကျင်ကို စစ်ဆေးမှုတွေလုပ်ကာ တချို့က အောင်လံဘက်ပြန်သွားသလို တချို့က ရွှေပန်းတော စစ်ကောင်စီ တပ်စွဲထားတဲ့နေရာမှာ ကျန်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်ရှင်းလင်းမှုကိုတော့ ဘယ်အဖွဲ့တွေက ဘာကြောင့်လုပ်တယ်ဆိုတာ မသိရသေးပါဘူး။ 

ဇွန် ၈ ရက် ည ၈ နာရီခန့်မှာ အောင်လံမြိုနယ်၊ ဥယျာဥ်ရွာအနီးမှာ အောင်လံဘက်ကနေ ဥယျာဥ်ရွာဘက်ကို ဆိုင်ကယ်နဲ့ပြန်လာတဲ့ အသက် ၄၀ နှစ်အရွယ် ဥယျာဥ်ကျေးရွာအုပ်ချုပ်ရေးမှူး သောင်းစိုးဦးဟာ ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်ရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်းဒေသကြီး #အောင်လံခရိုင် #အင်းလယ်ကျေးရွာ #အုပ်ချုပ်ရေးမှူး #သတ်ဖြတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10