ဆိုလာကနေ မီးလောင်လို့ လူ ၁ ဦးသေဆုံးပြီး နေအိမ် ၂ လုံးပျက်စီး

ဆိုလာကနေ မီးလောင်လို့ လူ ၁ ဦးသေဆုံးပြီး နေအိမ် ၂ လုံးပျက်စီး

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဇေယျာခင်ဦး (၂၁ ရပ်ကွက်)၊ နတ်ရှင်နောင်လမ်းမှာ ဆိုလာကနေ မီးလောင်လို့ လူ ၁ ဦးသေဆုံးပြီး နေအိမ် ၂ လုံးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၁ ရက် ဒီနေ့ညနေ ၄ နာရီခန့်မှာ နတ်ရှင်နောင်လမ်းနေ ဦးခင်ရဲ့ နေအိမ်ခေါင်မိုးမှာ တင်ထားတဲ့ ဆိုလာပြားကနေ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

"အိမ်ထဲမှာ လေဖြတ်ထားတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦးလည်း မီးထဲပါပြီးဆုံးသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မီးလောင်လို့ ကိုပတ္တမြား အသက် ၄၀ ကျော်အရွယ် ၁ ဦး မီးလောင်ပြီး သေဆုံးသွားသလို တိုက်ခံ၊ ပျဥ်ထောင်နေအိမ် နှစ်လုံးမီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မီးလောင်ရာနေရာကို တောင်ငူမြို့နယ်မီးသတ်၊ လူမှုကူညီရေးအသင်းတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဝန်းမီးငြိမ်းသတ်လို့ မီးလောင်ပြီး တနာရီကျော်အကြာမှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

ဧပြီ ၁ ရက်က တောင်ငူမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီးရှိ တောင်ငူတက္ကသိုလ်ဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်း မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ ၈ ခန်းတွဲ မီးလောင်ပျက်စီးပြီး လူထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10