သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တချိန်က ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ လို့ကြွေးကြော်ခဲ့သလို ဆီထွက်သီးနှံအများအပြား စိုက်ပျိုးထုတ်လုပ်တဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းဆီထုတ်လုပ်မှုနဲ့တင် လုံလောက်မှုမရှိဘဲ ပြည်ပကနေ နေ့စဉ် စားအုန်းဆီတန်ချိန်များစွာကို တင်သွင်းနေကြရပါတယ်။
မြန်မာ့ဆီအိုးကြီးလို့ ခေါ်တွင်ခဲ့တဲ့ မကွေးတိုင်းအပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မြေပဲ၊ နှမ်း၊နေကြာစတဲ့ဆီထွက်သီးနှံအများအပြား စိုက်ပျိုးထုတ်လုပ်နေကြပေမယ့် ပြည်သူအများစုတွေဟာ ဒေသထွက်မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတွေကို မစားသုံးနိုင်ကြပဲ ပြည်ပကတင်သွင်းတဲ့ စားအုန်းဆီအရောအနှောကိုသာ ဈေးကြီးကြီးပေးပြီး ဝယ်စားနေရတဲ့အခြေအနေတွေပါ။