ဆောက်လုပ်ရေးလုပ်သားတဦး ၅ ထပ်တိုက်ပေါ်က ပြုတ်ကျပြီး သေဆုံး

ဆောက်လုပ်ရေးလုပ်သားတဦး ၅ ထပ်တိုက်ပေါ်က ပြုတ်ကျပြီး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်မှာ ဆောက်လက်စ ၅ ထပ်တိုက်ပေါ်ကနေ ပြုတ်ကျပြီး အမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၄ ရက် ဒီမနက် ၈ နာရီလောက်မှာ ရွာဘဲရပ်ကွက်၊ ဦးမြဝင်းဆန်စက်လမ်း၊ သံလွင် ဆေးရုံဝန်းအတွင်း ဆောက်လက်စ ၅ ထပ်တိုက်အမြင့်ပေါ်မှာ အလုပ်လုပ်နေတဲ့ ၅၉ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သား ဦးမျိုးကို ပြုတ်ကျသေဆုံးခဲ့တာပါ။ 

"သူပြုတ်ကျချိန် အနားမှာကျန်တဲ့ အလုပ်သမားတွေလည်း မရှိဘူးလို့သိရတယ်။ သူတယောက်တည်း ရှိနေချိန် ဘယ်လိုပြုတ်ကျသွားမှန်း မသိလိုက်ကြဘူးတဲ့။ သူက အထွေထွေလုပ်သားလို့ပဲ သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးမျိုးကိုဟာ တိုက်ပေါ်ကနေပြုတ်ကျချိန် အောက်မှာရှိနေတဲ့ ခြံစည်းရိုး သံတိုင်ပေါ် ပြုတ်ကျခဲ့တာကြောင့် လည်ပင်းကို သံတိုင်ဖောက်ဝင်ဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားပြီး အလောင်းကိုတော့ ပြည်ဆေးရုံမှာပဲ ပို့ထားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည် #ရွာဘဲ #၅ထပ်တိုက် #ပြုတ်ကျ #သေဆုံး #ဆောက်လုပ်ရေးလုပ်သား #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10