ဆေးကုသဖို့အခက်အခဲဖြစ်နေတဲ့ ရွာ၂ရွာက ပြည်သူ ၄၀ ဦးကို အခမဲ့‌ဆေးကုသပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ဆေးဝါးကုသဖို့အခက်အခဲဖြစ်နေတဲ့ ကျေး ရွာ ၂ ရွာက ပြည်သူတွေကို ဇွန် ၁ ရက် မနက်ပိုင်းက  အခမဲ့ဆေးကုသမှုတွေပြုလုပ်ပေးခဲ့တယ်လို့ Buffalo Soldiers Freedom Force တပ်ဖွဲ့ဆီက သိရပါတယ်။ 

Buffalo Soldiers Freedom Force တပ်ဖွဲ့ဟာဆေးဝါးကုသမှုအခက်အခဲဖြစ်နေတဲ့ ကျေးရွာ ၂ ရွာက ပြည်သူ ၄၀ ဦးကို  အခမဲ့ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။

Buffalo Soldiers Freedom တပ်ဖွဲ့အနေနဲ့ အခမဲ့ဆေးဝါးကုသမှုပေးနေတာ တလနီးပါးရှိပြီးဖြစ်ပြီး လက်ရှိအချိန်အထိရွာ ၂ ရွာကိုဆေးဝါးကုသမှုပေးနိုင်ခဲ့ပြီလို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဆေးကုသရာမှာ သွေးတိုးရောဂါ၊ တီဘီရောဂါ၊ ကျောက်ကပ်ရောဂါ၊ သာမန်ဖျားနာတာတွေကို အများဆုံးကုသပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ဂိတ်တွေဟာ ဆေးဝါးတွေကို ဖြတ်သန်းသယ်ယူခွင့်မပြုဘဲ ဖမ်းဆီးမှုတွေလုပ်နေတာကြောင့် ဆေးဝါးတွေကို ခက်ခက်ခဲခဲသယ်ယူနေရတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #အခမဲ့ဆေးကုသ #BuffaloSoldiersFreedomForce #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10