ဆေးရုံဆင်းလူနာကိုကြိုပြီးပြန်လာတဲ့ဆိုင်ကယ်နဲ့ ကုန်တင်တွဲကားတိုက်မိလို့ ၂ ဦးသေဆုံး

ဆေးရုံဆင်းလူနာကိုကြိုပြီးပြန်လာတဲ့ဆိုင်ကယ်နဲ့ ကုန်တင်တွဲကားတိုက်မိလို့ ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သစ်တောကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ဆိုင်ကယ်နဲ့ ကုန်တင်တွဲကားတို့ တိုက်မိလို့ အမျိုးသား ၂ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၂၂ ရက် မနေ့ နေ့လယ် ၁ နာရီခန့်မှာ ရန်ကုန်ကနေ မန္တလေးဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ကုန်တင်တွဲကားနဲ့ မျက်နှာချင်းဆိုင်လားရာအတိုင်းမောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။

" မျက်နှာချင်းဆိုင်ကြုံး(တိုက်)ပစ်တာ။ ကားက့လမ်းထဲမှာရှိနေတာ။ သူတို့(ဆိုင်ကယ်)ယိုင်ထိုးပြီး ဝင်လာတာကိုမြင်လို့ပဲလား ကားကဘရိတ်ဆွဲထားရာတွေလည်းတွေ့တယ်။ ကားကလမ်းကြောင်း မှန်တယ်။ ဆိုင်ကယ်ကဝင်တိုက်သွားတာ "လို့ အုတ်တွင်းဒေသခံ ၁ ဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူ အသက် ၃၅ နှစ်အရွယ် ကိုအောင်သူနေရာမှာပဲ သေဆုံးသွားပြီး အသက် ၃၇ နှစ်အရွယ် ကိုနိုင်စိုးကတော့ တောင်ငူဆေးရုံပို့ဆောင်ချိန် ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူ ၂ ဦးဟာ သမီးယောက်ဖတော်စပ်သူတွေဖြစ်ပြီး တောင်ငူဆေးရုံကနေ ဆေးရုံဆင်းလာတဲ့ဖခင်ကို မိသားစုဝင်တွေနဲ့အတူ ဘေးတွဲဆိုင်ကယ်အပါ ဆိုင်ကယ် ၄ စီးနဲ့ကြိုပြီး နေထိုင်ရာ သရက်ကုန်း ကျေးရွာကိုပြန်အလာမှာ အခုလိုယာဉ်တိုက်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၉ ရက်ကလည်း အုတ်တွင်းမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ရေဘေးလှူပြီးပြန်လာတဲ့ကား အမြန်လမ်းမှာ တိမ်းမှောက်လို့ သံဃာတော်တွေအပါအဝင် ၈ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ယာဥ်တိုက်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10