ဆံပင်ညှပ်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီး ဗိုလ် ၁ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့ အမှတ် ၁ ရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားပြီး ဆံပင်ညှပ်နေတဲ့ ရဲတွေကို မတ်လ ၂၉ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ကာကွယ်ရေးအဖွဲ့တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ဆီက သိရပါတယ်။

"မနက် ၁၁ နာရီ ထိုးတဲ့အချိန်မှာ ဖရဲသီးက ဖုန်းလှမ်းဆက်တာ၊၅ ယောက် ဗိုလ်လည်းပါတယ်၊ ဆံပင်ညှပ်နေတာတဲ့၊ ဆိုင်ကယ်နဲ့စီးပြီး သူတို့အနားထိအနီးကပ်ဝင်ပြီး ပစ်ခတ်ခဲ့တာ၊ ပစ်ပြီး ချက်ခြင်းပဲ ပြန်ဆုတ်လာခဲ့တယ်၊ ဒီကောင်တွေဘက်က ဗိုလ်ထိသွားလို့ သည်းကြီးမဲကြီးလိုက်ပစ်တယ်၊ ကျနော်တို့က နယ်ကျွမ်းတော့ လွတ်ခဲ့တယ်"လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။


ထိခိုက်သေဆုံးမှုကိုတော့ အတွင်းဖရဲသီး သတင်းပေးချက်အရ ဗိုလ် ၁ ဦး သေပြီး တပ်သား ၁ ယောက်ကတော့ သေမလားရှင်းမလားမသိရသေးဘူး တော်တော်အခြေအနေဆိုးတယ်လို့ ဆိုပါတယ်။

အဆိုပါ ကပ်ကျော်ဘုန်းကြီးကျောင်းထဲမှာ ပခုက္ကူ ရဲတပ်ဖွဲ့ နဲ့ ရေစကြိုမြို့မရဲစခန်းက ရဲတွေပါတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နှင့် မုံရွာခရိုင် တပ်ရင်း(၁၂)တပ်ခွဲ (၄)မီးတောက်တပ်ခွဲ တို့က လုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကလည်း ရေစကြို အမှတ် ၁ ရပ်ကွက် ကပ်ကျော်ကျောင်းထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို Myingyan Black Tiger(MBT) အဖွဲ့က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10