ဆွာမြို့ အရှေ့ဘက် ရွာတွေကို လက်နက်ကြီးနဲ့ ၂ ရက်ဆက်ပစ်ခတ် ဒေသခံတွေ ထိခိုက်ဒဏ်ရာပြင်းထန်

ဆွာမြို့ အရှေ့ဘက် ရွာတွေကို လက်နက်ကြီးနဲ့ ၂ ရက်ဆက်ပစ်ခတ် ဒေသခံတွေ ထိခိုက်ဒဏ်ရာပြင်းထန်

ပဲခူးတိုင်း၊ ဆွာမြို့နယ်အရှေ့ဘက် ကျေးရွာတွေကို စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျည်စထိမှန်တဲ့ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ပြင်းထန်ဒဏ်ရာရသူလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆွာမြို့နယ်၊ စစ်တောင်းမြစ်ကမ်းနား ကျေးရွာတွေဘက်ကို အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်တွေက ဆက်တိုက်ပစ်ခတ်နေခဲ့တာလို့ ရွှေကစောင်းရွာဒေသခံအမျိုးသားတဦးက ပြောပါတယ်။

"တနေ့ကညဘက်နဲ့ မနေ့ကမနက်ပိုင်းတွေမှာ ပစ်တာ။ ရွာခံတွေကတော့ တနေ့ညကတည်းက ဘေးကရွာတွေကို ပြေးကုန်ကြပြီ။ ရွာက နှစ်ယောက်လက်နက်ကြီးကျည်စ မှန်ပြီး ဒဏ်ရာရသွားကြတယ်။ အမျိုးသမီးကြီးတယောက်က ဒဏ်ရာပြင်းလို့ ဆေးရုံကိုပို့လိုက်ရတယ်။" လို့ ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့ ကျေးရွာတွေထဲက ရွှေကစောင်းကျေးရွာဟာ ဆွာမြို့နဲ့ ၃ မိုင်ခန့်ဝေးကွာပြီး ရွာခံအမျိုးသမီးတဦး နေအိမ်ပေါ်ကို လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲလို့ အိမ်ရှင်အမျိုးသမီး ဒဏ်ရာပြင်းထန်ရသလို အမျိုးသားတဦးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆွာမြို့နဲ့ ၄ မိုင်ခန့်ဝေးတဲ့ သဖန်းဇင်ကျေးရွာကိုလည်း လက်နက်ကြီးနဲ့ အချက်များစွာပစ်ခတ်နေတာကြောင့် နေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲသလို အိမ်မွေးတိရိစ္ဆာန်တွေဖြစ်တဲ့ နွားနဲ့ ဝက်တွေထိမှန်ပြီး သေဆုံးတာတွေရှိတယ်လို့ ရွာခံတွေက ပြောပါတယ်။

"ဝက်တွေသေတယ်၊ နွာတွေထိကုန်တယ်။ ကျန်တဲ့အခြေအနေကတော့ စစ်ရှောင်နေကြရလို့ သေချာမသိရသေးဘူး။ သူတို့က ရွာမှာ PDF တွေရောက်နေတယ် သတင်းရလို့ ပစ်နေကြတာလို့ ပြောကြတာပဲ" လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီရွာတွေကိုဘက်ကို စစ်ကောင်စီက မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာဖြစ်ပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ စိုက်ခင်းတွေနဲ့ လမ်းတွေပျက်စီးတာတွေလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပဲခူတိုင်းအရှေ့ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေတာ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေ အသိမ်းခံနေရတာကြောင့် လက်နက်ကြီးတွေနဲ့ လေကြောင်းပစ်ခတ်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ။

#မြေလတ်အသံ 

#ပဲခူးတိုင်း #ဆွာမြို့နယ် #စစ်တောင်းမြစ် #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ်မှု #ထိခိုက်ပျက်စီး #တိရိစ္ဆာန် #သေဆုံးမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10