ဆွံ့အ၊ မသန်စွမ်းမိန်းကလေးကို အဓမ္မပြုကျင့်သူအမျိုးသား ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ

ဆွံ့အ၊ မသန်စွမ်းမိန်းကလေးကို အဓမ္မပြုကျင့်သူအမျိုးသား ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျွန်းကုန်းအုပ်စု၊ ဗမာကျွန်းကုန်းကျေးရွာက ဆွံအ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ မိန်းကလေးကို အဓမ္မပြုကျင့်သူ အမျိုးသား ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၃၀ ရက်မှာ ပြစ်မှုကျူးလွန်သူ အသက် ၄၈ နှစ်အရွယ် ကျော်နိုင်ဝင်း (ခ) နိုင်နိုင်ဆိုသူကို ညောင်လေးပင် ခရိုင်တရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ထောင်ဒဏ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

"မနေ့က တရားရုံးကနေတော့ ထောင်ဒဏ်ချလိုက်တာ သိရတယ်။ အနှစ် ၂၀။ သူကိုတော့ ဘယ်ထောင်ပို့လဲတော့ မသိရဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာတော့ အဓမ္မပြုကျင့်ခံရတဲ့ ဆွံအ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ အမျိုးသမီးငယ်ဟာ ကိုယ်ဝန် ၇ လ ဝန်းကျင်ထဲမှာရှိနေပြီလို့ သိရပါတယ်။

၂၀၂၃ ဒီဇင်ဘာလလောက်ကစပြီး ကျော်နိုင်ဝင်း (ခ) နိုင်နိုင်ဟာ ခြံချင်းကပ်လျက်နေ မြေးဝမ်းကွဲတော်စပ်သူ အသက် ၂၀ ကျော်အရွယ် ဆွံအ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ အမျိုးသမီးငယ်ကို နေအိမ်မှာ မိဘတွေမရှိခိုက် ၃ ကြိမ်တိုင်တိုင် အဓမ္မပြုကျင်ခဲ့တာပါ။

အဲဒီနောက် အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ဟာ ကျန်းမာရေးပုံမှန်မဟုတ်ဘဲ တရှောင်ရှောင်ဖြစ်လာရာမှ မိသားစုဝင်တွေက မေ ၇ ရက်မှာ သားဖွားဆရာမကိုပြကြည့်ရမှာ ကိုယ်ဝန်ရှိနေကြောင်း သိခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ မိသားစုဝင်တွေက အမျိုးသမီးငယ်ကို မေးမြန်းရာ ဖိုးလေးဝမ်းကွဲတော်စပ်သူ ကျော်နိုင်ဝင်း(ခ) နိုင်နိုင်က မိသားစုဝင်တွေ နေအိမ်မရှိခိုက် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရတာကြောင့် မေ ၉ ရက်မှာ ဒိုက်ဦးရဲစခန်းမှာ အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။

အမှုဖွင့်ခံရပြီးနောက် ကျော်နိုင်ဝင်း (ခ) နိုင်နိုင်ရဲ့ မိသားစုဝင်တွေက နစ်နာသူမိန်းကလေးငယ်မိသားစုဘက်ကို ငွေကျပ် သိန်း ၂၀၀ ပေးကာ အမှုပိတ်ပေးဖို့ တောင်းဆိုတာတွေရှိခဲ့ပေမယ့် နစ်နာသူမိန်းကလေးငယ်ရဲ့ မိသားစုဝင်တွေက အမှုဖွင့်တရားစွဲခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဒိုက်ဦးမြို့ #ကျွန်းကုန်းအုပ်စု #ဗမာကျွန်းကုန်း #ဆွံအ #မသန်စွမ်း #မိန်းကလေး #အဓမ္မပြုကျင့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10