ဇရပ်ကြီးစစ်ရှောင် ၅၀၀၀ ကျော်နေရပ်မပြန်နိုင်သေး

ဇရပ်ကြီးစစ်ရှောင် ၅၀၀၀ ကျော်နေရပ်မပြန်နိုင်သေး

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေအနက် လူဦးရေ ၅၀၀၀ ကျော်နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေထံက သိရပါတယ်။

တိုက်ပွဲတွေထပ်မဖြစ်တော့ပေမယ့် စစ်ရေးအခြေနေတင်းမာနေသေးလို့ တိုက်ပွဲထပ်ဖြစ်မှာစိုးပြီး ဒေသခံအများစုဟာ နေရပ်မပြန်ရဲသေးကြဘူးလို့ ဆိုပါတယ်။

 

"ပဲနုတ်ကိုင်းလုပ် မဖြစ်မနေ အလုပ်တွေပစ်ထားလို့ မရတဲ့သူတွေလောက်ဘဲ ပြန်ကြတယ်။ အများစုက မပြန်ရဲကြသေးဘူး။ စိုးရိမ်နေကြသေးတယ်။ စစ်ရှောင်စခန်းတွေမှာ ကျန်တာက ကလေးတွေနဲ့သက်ကြီးပိုင်းတွေများတယ်"လို့ စစ်ဘေးရှောင်ကူညီနေသူတဦးကပြောပါတယ်။

 

နေရပ်မပြန်နိုင်ကြသေးတဲ့ စစ်ဘေးရှောင်တွေရဲ့ စားသောက်စရာတွေအတွက် နီးစပ်ရာဒေသခံတွေနဲ့ လူမှူကူညီရေးအသင်းအဖွဲ့တွေက ကူညီနေကြပေးမယ့် လူဦးရေများတာကြောင့် လုံလော​က်မှုမရှိဘူးလို့ သိရပါတယ်။

 

စစ်ဘေးရှောင်တွေအတွက် ဆန်၊ ဆီ၊ ငရုပ်၊ ကြက်သွန်၊ စားသောက်ကုန်ခြောက်တွေနဲ့ သောက်ရေလိုအပ်ချက်တွေ ရှိနေပါတယ်။

 

လတ်တလောမှာ စစ်ဘေးရှောင်တွေဟာ တောင်ငူမြို့နဲ့ထန်းတပင်မြို့က ဘုန်းကြီးကျောင်း ၅၀ ခန့်မှာ ခိုလှုံနေထိုင်နေကြ ရပါတယ်။

 

ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ခလရ ၇၃၊ ဇရပ်ကြီးရဲစခန်း၊ မြို့ဆိုးတံတား စစ်ကောင်စီဂိတ်၊ နှစ်တန့်ကူတံတားနဲ့ ရေကြည်ချောင်းတံတားစစ်ဆေးရေးဂိတ်တွေကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

 

အဲဒီတိုက်ပွဲဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းထိဖြစ်ပွားခဲ့တာကြောင့် ဇရပ်ကြီးမြို့အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံ ၁၀၀၀၀ ကျော်ထွက်ပြေးခဲ့ရပါတယ်။

 

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇၀ ခန့်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သလို KNLA ပူးပေါင်းတပ်တွေဘက်လည်း ၂၀ နီးပါးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရခဲ့သလို လက်နက်တွေဆုံးရှုံးခဲ့ရတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

 

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၈၀ ကျော်ပြုလုပ်ခဲ့တာအပါအဝင် နှစ်ဖက်ပစ်ခတ်မှုအတွင်း အရပ်သား ၁၀ ဦးကျာ်သေဆုံးထားကာ  ၅၀ ဦးခန့် ဒဏ်ရခဲ့ပါတယ်။

 

 

စာတည်း-နွေဦးငြိမ်းချမ်း

#​မြေလတ်အသံ

#ပဲခူးတိုင်းအရှေ့ခြမ်း #ထန်းတပင် #ဇရပ်ကြီး #တိုက်ပွဲဖြစ်ပွား #KNLAပူးပေါင်းတပ် #စစ်ကောင်စီ #တိုက်ခိုက်မှု #စစ်ဘေးရှောင် #စားနပ်ရိက္ခာခက်ခဲ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10