ဇရပ်ကြီးစျေးမီးလောင်လို့ ဆိုင်ခန်း ၅၀ ကျော်နဲ့ နေအိမ်အချို့ မီးလောင်ပျက်စီး

ဇရပ်ကြီးစျေးမီးလောင်လို့ ဆိုင်ခန်း ၅၀ ကျော်နဲ့ နေအိမ်အချို့ မီးလောင်ပျက်စီး

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့စျေး မီးလောင်ပြီး ဆိုင်ခန်း ၅၀ ကျော်နဲ့ နေအိမ်အချိို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်မှာ မီးစလောင်ခဲ့တာလို့ ဆိုပါတယ်။ 

"မီးရှို့ခံရတယ်လို့ သိရတယ်။ ဇရပ်ကြီးမှာက တိုက်ပွဲဖြစ်ထားတော့ မီးသတ်တွေကလည်း မရှိဘူး။ တောင်ငူနဲ့ထန်းတပင်က မီးသတ်ကားတွေရောက်ချိန် ကုန်သလောက်ရှိသွားပြီ"လို့ ဒေသခံတဦးကပြောပါတယ်။

မီးစလောင်ချိန်မှာ စျေးအနီးရှိ ဘုန်းကြီးကျောင်းနဲ့ ရပ်ကွက်က ရဟန်းသံဃာတွေနဲ့ လူအချို့မီးဝိုင်းငြှိမ်းကြပေမယ့် လေကလည်းတိုက်နေတာကြောင့် မီးငြိမ်းအောင် မငြှိမ်းသတ်နိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

မီးလောင်လို့ စျေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၅၀ ကျော်က စျေးဆိုင်ခန်းတွေ၊ ဆိုင်တွင်းပစ္စည်းတွေနဲ့ နေအိမ် ၅ လုံးခန့်မီးလောင်ပျက်စီးကာ ကာလတန်ဖိုး ကျပ်သိန်း ၃၀၀၀ ထက်မနည်း ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။

ဒီမီးလောင်မှုဟာ ရှို့မီး ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပေမယ့် ဘာကြောင့် မီးလောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ဒီညနေ ၄ နာရီကျော်အချိန်မှာ မီးကိုထိန်းထားနိုင်ပြီး မီးငြိမ်းတဲ့အထိတော့ မငြှိမ်းသတ်နိုင်သေးပေမယ့် ထပ်မံကူးစက်မီးလောင်ကျွမ်းတာ မရှိတော့ဘူးလို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ထန်းတပင် #ဇရပ်ကြီး #မီးလောင် #ပျက်စီးဆုံးရှုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10