ဇာဒီရွာကပျူစောထီးတွေကို PDF တိုက်ခိုက်လို့ ၆ ဦးသေဆုံးပြီး သေနတ် ၂ လက်ရ

ဇာဒီရွာကပျူစောထီးတွေကို PDF တိုက်ခိုက်လို့ ၆ ဦးသေဆုံးပြီး သေနတ် ၂ လက်ရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာရှိ ပျူစောထီးအဖွဲ့တွေ တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက် မနေ့ကမနက် ၈ နာရီကျော်ခန့်မှာ အင်အား ၃၀ ကျော်ခန့်ရှိ ပျူစောထီးကျေးရွာကို ဒေသအခြေစိုက် PDF တပ်ရင်းတွေကနေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"အဲ့ရွာက ပျူရွာလေ။ တိုက်ပွဲဖြစ်ပွားချိန်ကတော့ နာရီပိုင်းလောက်တော့ကြာမယ်။ သကြားစက်ဘက်ကနေ စကစအဖွဲ့တွေ စစ်ကူလာမှ ကိုယ်တွေအဖွဲ့ဝင်တွေက ပြန်ဆုတ်လာကြတာ"လို့ ကန့်ဘလူမြို့နယ် ပကဖ တာဝန်ရှိသူတဦးကပြောပါတယ်။

အဆိုပါ တိုက်ပွဲအတွင်းမှာ ပျူစောထီးဘက်က ၆ ဦးသေဆုံးခဲ့ပြီး ပြောင်းချောသေနတ် ၁ လက်၊ G 3 ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ 

ဇာဒီကျေးရွာဟာ ပျူစောထီးအားကောင်းတဲ့ကျေးရွာတရွာဖြစ်ပြီး အဲ့ဒီရွာကပျူစောထီးတွေကိုလည်း စစ်ကောင်စီက ၎င်းတို့ပိုင် ဇီးကုန်းသကြားစက်ရုံကို အကာအကွယ်ရဖို့ လက်နက်တွေ တပ်ဆင်ပေးထားတာပါ။ 

ဇီးကုန်းသကြားစက်ရုံဟာ ဇာဒီကျေးရွာနဲ့ ၁ မိုင်နီးပါးလောက်သာကွာဝေးပြီး စစ်ကောင်စီတပ်တွေကလည်း အင်အား ၅၀ နီးပါးနဲ့ တပ်စွဲနေကြတယ်လို့ ကန့်ဘလူမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲဖြစ်ချိန်အတွင်း အဆိုပါသကြားစက်မှ စစ်ကောင်စီတပ်တွေက စစ်ကူလာတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဇန်နဝါရီ ၁၁ ရက်ကလည်း ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ထန်းကုန်း-ကာဘိုးကားလမ်းမဘေးရှိ တင်ငုတ်ကြီးရွာ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး ၁၀ ဦးကျော်သေဆုံးကာ လက်နက် ၁၀ လက်ခန့် သိမ်းဆည်းရမိခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ဇာဒီရွာ #ပျူစောထီး #စစ်ကောင်စီ #PDF #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10