ဇီးကုန်းမြို့နယ်ထဲက ပြည်သူတွေ ဘယ်လို လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်သွားမလဲ

ဇီးကုန်းမြို့လေးဟာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းက မြို့လေး ဖြစ်ပြီး ရန်ကုန် - ပြည် မီးရထားလမ်းနဲ့ အဝေးပြေးကားလမ်းမပေါ်မှာ တည်ရှိတဲ့ မြို့လေးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက မြို့ကိုတည်ထောင်ခဲ့တာဖြစ်ပြီး ၁၈၇၇ ခုနှစ်မှာ ရန်ကုန်-ပြည် မီးရထားလမ်းဖွင့်လှစ်ချိန်မှာပဲ ဇီးကုန်းမြို့မှာ ဘူတာရုံ တရုံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဇီးကုန်းမြို့နယ်အတွင်း လူဦးရေ ၇ သောင်းနီးပါး နီးထိုင်ကြပြီး မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်သူ ၁ သောင်းခွဲကျော် နေထိုင်ကြောင်း ၂၀၁၄ သန်းခေါင်စာရင်းမှာ ဖေါ်ပြထားပါတယ်။

ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၃၄ စုရှိပြီး မဲရုံပေါင်း ၅၅ ရုံရှိကာ မဲပေးခွင့်ရရှိသူ ၅ သောင်း ၆ ထောင်ကျော် ရှိပါတယ်။

အခု လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ဘယ်လို အစိုးရမျိုးကို ရွေးချယ်သွားမလဲ၊ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိတို့ ဒေသအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြမလဲဆိုတာတွေကို မြေလတ်အသံ သတင်းဌာနက လိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10