ဇီးပြားရွာနဲ့ တရော်ကိုင်းရွာက ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာနဲ့ တရော်ကိုင်းကျေးရွာက ပျူစောထီးစခန်းကို ဇူလိုင် ၈ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့ဆီက သိရပါတယ်။

ဇီးပြားကျေးရွာနဲ့ တရော်ကိုင်းကျေးရွာက ပျူစောထီးစခန်းကို မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

"၂ ရွာလုံးကို တချိန်ထဲတိုက်ခိုက်ခဲ့တာ။ ဇီးပြားကျေးရွာနဲ့ တရော်ကိုင်းကျေးရွာက မီတာ ၂၀၀ လောက်ပဲဝေးတယ်။ ဒရုန်းနဲ့ ဗုံးသီးအလုံးရေ ၆၀ လောက်ကြဲချခဲ့တာ။ အဲဒီရွာ ၂ ရွာပေါင်း ပျူစောထီးအင်အားက ၈၀ ရှိတယ်။ ပျူစောထီး ၁ ဦးသေတယ်၊ ၄ ဦးဒဏ်ရာရတယ်။"လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဆိုပါ၂ ရွာလုံးစလုံးဟာ ပျူရွာတွေဖြစ်ပြီး ဇီးပြားရွာမှာ အိမ်ခြေ ၇၀၀ လောက်ရှိကာ ပြည်သူတွေအနည်းငယ်သာ နေထိုင်နေကြတယ်လို့ သိရပါတယ်။  တရော်ကိုင်းရွာမှာတော့ ပြည်သူတွေဟာ ဇီးပြားရွာနဲ့ ပေါင်းနေကြသလို လက်ရှိ ရွာမှာနေကြတဲ့ ပြည်သူတွေကလည်း ရွာကနေ ထွက်ချင်တာတွေရှိကာ အဲဒီ ၂ ရွာစလုံးမှာ စစ်အုပ်စုတပ်စခန်းတွေလည်း ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပေါက်ပကဖ၊ ဦးလေးကြီး ရော့ကတ်တပ်ဖွဲ့၊ မိုးမိတ် ရော့ကတ်တပ်ဖွဲ့၊ နှင်းကွေး ရော့ကတ်တပ်ဖွဲ့၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ မြိုင်/ပေါက် ဒရုန်းတပ်ဖွဲ့များ၊ ဇော်မိုက် BRAF Drone Team၊ ဗိုလ်လရောင်တပ်ဖွဲ့ (ပေါက်)၊ မြွေပွေးပြောက်ကျားတပ်ဖွဲ့ (ပေါက်မြို့နယ်) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဇီးပြားကျေးရွာ #တရော်ကိုင်းကျေးရွာ #ပျူစောထီးစခန်း #ဒရုန်းနဲ့ဗုံးကြဲခံရ #ပျူစောထီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10