သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှာရှိတဲ့ စစ်သားနဲ့ ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်ခန့်ကို ၄ ရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဆီက သိရပါတယ်။
နိုဝင်ဘာ ၁ ရက်ကစပြီး နိုဝင်ဘာ ၄ ရက်အထိ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာပျူစောထီးစခန်းက ဘန်ကာတွေ အဆောက်အဦတွေအပြင် ပျူစောထီးခေါင်းဆောင်နေတဲ့ နေရာနဲ့အဆောက်အဦတွေကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာလို့ BNRA ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန ရဲဘော် မင်းရန်မာန်က ပြောပါတယ်။
၄ ရက်တာ ဒရုန်းစစ်ဆင်ရေးအတွင်းမှာ အတွင်းသတင်းပေးချက်အရနဲ့ ဒရုန်း Record မှတ်တမ်းတွေအရ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး စုစုပေါင်း ၁၀ ဦးဒဏ်ရာရခဲ့ပြီး ထိခိုက်သေဆုံးစာရင်းကိုတော့ စစ်ကြောင်းတွေရှိနေသေးလို့ အတိအကျ မရနိုင်သေးဘူးလို့ ဆိုပါတယ်။
အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်သားနဲ့ ပျူစောထီးတွေဟာ နမခလက်အောက်ခံ စစ်ကောင်စီတပ်သား ၃၀ ကျော်နဲ့ ပျူစောထီး ၇၀ ကျော်တို့ဖြစ်တယ်လို့ သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ပုလဲ #ဇီးဖြုကုန်း #ပျူစောထီး #ဒရုန်းဗုံးကြဲ
Share Share Share